Professional Authors

အရူးဆိုတဲ့ငါ

အရူးဆိုတဲ့ငါ….
ကဗျာတွေရေးတယ်
စကားလုံးတွေရှာနေတယ်
ခပ်စုတ်စုတ် တောင်းတစ်လုံး
ကျိုးကြေနေတဲ့….အပေါက်တွေကြားက
စကားလုံးတစ်စ နှစ်စ တင်ကျန်နေသေးတယ်

နင် ဆိုတာကကော……
ခံစားနေရတယ်
မပီမသ ပုံပြင်တစ်ပုဒ်ကို
နင်အသက်သွင်းချင်နေတယ်
နင့်နှလုံးသား ခပ်စုတ်စုတ်
ကျိုးကြေစရာ ရင်ခွင်မဲ့မှာ
သူကဘာလို့တင်ကျန်နေသေးတာလဲ

နင်ကအရူးမှမဟုတ်တာ….

မေ့ပစ်လိုက်ပါ…အရာရာအဆင်ပြေသွားလိမ့်မယ်

In: ကဗျာ Posted By: Date: Jun 29, 2011
Comment #1

အားပေးနေတယ် khant naung…:)

Comment #2

အေးလေး…. ယဉ်ယဉ်လေး ရူးနေကြတာပါပဲ… ကောင်းပါတယ်

commentinfo By: Nayihtet at Jun 29, 2011
Comment #3

မေ့ပစ်လိုက်ပါ…အရာရာအဆင်ပြေသွားလိမ့်မယ်………….။

commentinfo By: မြေနံ့ at Jun 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment