သစ္စာတွေ မသေစေနဲ့ …
သစ္စာတွေ မသေစေနဲ့ …
ကောင်းကင်ကို လူသားတိုင်း မပိုင်ဆိုင်ပေမယ့်
နင့်မှာတော့ ကောင်းကင်တစ်ခု ပိုင်ဆိုင်တယ်…..
သစ်ရွက်လှုပ်တိုင်း ရယ်ရမယ့် အရွယ်လား
ဘောပင်ကို မင်မကုန်ကခင် အသစ်လဲမယ်
အချစ်ကိုတော့ အချိန်မတန်ဘဲ နင်မလဲနဲ့
နင်ပဲ ကြွေရမှာ…
လေတိုက်တိုင်း ကြွေမယ့် ပန်းခရေမှ မဟုတ်တာ
နင်က ဆူးနှင်းဆီလေ…
သဘာဝက ခြွေပေမယ့်…
ဝတ်ဆံနဲ့ ရိုးတံကတော့
ပင်ယံမှာ တင်ကျန်နေရမယ်..
တဒင်္ဂကို မမက်နဲ့
တဒင်္ဂဆိုတာ ယခင်က မဟုတ်တာ သေချာတယ်…
တဒင်္ဂတွေကို မက်မောရင်…
ယခင်က အရာတွေကို နင်ဆုံးရှုံးရမယ်..
သစ္စာကို မသတ်နဲ့
ငါပြောခဲ့တဲ့ သစ္စာသတ်သမားက
နင်မဖြစ်စေနဲ့
မြုံးမိတဲ့ငါးကတော့ ရုံးမိမှာပဲ
မြုံးမိလို့ ရုံးမိခဲ့ရင်တောင်..
သွေးသာ… ထွက်ပါစေ
သစ္စာတွေ ထွက်မသွားစေနဲ့။
(သူငယ်ချင်းတစ်ယောက် ရေးပေးထားတဲ့ မွေးနေ့လက်ဆောင် ကဗျာလေးပါ … )
Comment #3
hote de…
ko tan phoe ko pe tat hmat dar….
ko a sint a tan ko pe ywe ya hmar..
really really nice.
 By: ei lay at Nov 11, 2011
                        By: ei lay at Nov 11, 2011
                    Comment #4
😀 … အားပေးကြတာ ကျေးဇူး … 🙂 …
 By: Nge Lay at Nov 12, 2011
                        By: Nge Lay at Nov 12, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
အင်း..မသေစေနဲ့……ကောင်းတယ် ညီမ အားပေးသွားတယ် မငယ်လေး