Professional Authors

အိုပါ့

ချစ်သူရေ
ချစ်တာက ရင်ဘက်က
မြင်တာက မျက်လုံးက
ပြောတာက ပါးစပ်က  ဆိုတာတော့
ငါသိပါတယ်
ဒါပေမယ့်
မင်းတောင်းတဲ့ ချစ်သက်သေတွေက
များလွန်းလှ တော့
ငါ ဘာလုပ်ရမှန်းတောင်မသိဘူး
ငါ က ကျန်စစ်သားမှ မဟုတ်တာ
သံပုရာသီး ဘယ်လို ချိုအောင်လုပ်ပြရမတုံး
ငါက ၀ူခုံးမှ မဟုတ်တာ
ဓူဝံကြယ်ကို ဘယ်လိုခြူပြရမတုံး
ချစ်သူရေ ငါက စူပါမန်းမှ မဟုတ်တာ
မင်းရုံးဆင်းချိန်တိုင်း အချိန်မီဘယ်ရောက်ပါမတုန်း………………
အဆိုးဆုံးကတော့
မင်းသူငယ်ချင်းတွေ ရှေ့မှ
မြင်းက ကခိုင်းတာပဲ ငါ က PSY မှ မဟုတ်တာ
ဘယ်လိုလုပ်ရမှာတုန်းကွာ……………..။

In: ကဗျာ Posted By: Date: Jan 10, 2013
Comment #1

PSY DANCE ka dot loak loh ya par de naw.
Loak pya like par.
A kone lone ma loak khine lout par bu.
😛

commentinfo By: ei lay at Jan 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment