Professional Authors

မှားယွင်းခဲ့သော ညနေခင်းများ…

တိမ်တွေကိုထမ်းပိုးထားရလို့
လေးလံနေတဲ့ ညနေခင်းတစ်ခုလို
အတ္တတွေ မာနတွေ ထမ်းပိုးရင်း
ကွေးညွှတ်ခဲ့ရတဲ့ ရင်ခွင်တစ်စုံ…..
နေ၀င်ချိန် အိမ်ပြန်နောက်ကျတဲ့
တေလေ ငှက်လို….
ဒဏ်ရာတွေအထပ်ထပ်နဲ့ ကျရှုံးခဲ့ရတဲ့
နှလုံးသား တစ်ခု…..
ပွဲပြီးစ စစ်ပွဲလို တိတ်ဆိတ်နေတဲ့
နေရာတစ်ခု….
အောင်နိုင်သူတွေ မော်ကြွားပုံကို
ငေးကြည့်နေတဲ့…
မျက်ဝန်းတစ်စုံ….
နောင်တတွေအထပ်ထပ်နဲ့ ကျဆင်းခဲ့တဲ့
မျက်ရည်တစ်စက်……
ပြီးသွားပြီ…
အားလုံး မှားယွင်းခဲ့တဲ့နောက်
နှစ်သိမ့်စကားတစ်ခွန်းကို မျှော်လင့်ခဲ့လဲ…
ရက်စက်လွန်းတဲ့မင်းနှုတ်ဖျားက..
လွန်ဆန်လာတဲ့စကား..
ငါ့ဒဏ်ရာတွေထက်တောင်နာကြင်စေတယ်…..
ငါ့အရှုံးတွေထက်တောင် ခါးသက်စေတယ်…..
ကိုယ့်အပြစ်နဲ့ကိုယ်မို့…
ပြောစရာ စကားလုံးတွေဆွံ့အ ခဲ့လည်း
ဆုတောင်းပေးခဲ့ချင်တယ်
အားနည်းချက်တွေကို နင်းတက်သွားတဲ့မင်း
အရာရာအောင်မြင်နိုင်ပါစေ……….
ဒဏ်ရာတွေကို အထပ်ထပ်ပေးခဲ့တဲ့မင်း
အရာရာပျော်ရွှင်ပါစေ…………
သူစိမ်းတစ်ယောက်လိုပြောရက်ခဲ့တဲ့မင်း
အရာရာအဆင်ပြေပါစေ…………
ရှုံးနိမ့်သူတစ်ယောက်ရဲ့ ဒဏ်ရာတွေ
ဘယ်လောက်နာကြင်တယ်ဆိုတာ
မင်းတစ်ယောက် သိတတ်လာနိုင်ပါစေ……..။                  ။

P.S.ယုံကြည်ထိုက်တဲ့သူတစ်ယောက်အဖြစ် ပြန်လည်တည်ဆောက်ပြီးတဲ့အခါ အောင်မြင်မှုတွေနဲ့အတူ မင်းရှေ့ကိုပြန်လာခဲ့မယ်….. မင်းတစ်ယောက် ယုံကြည်နိုင်ပါစေ…..

In: ကဗျာ Posted By: Date: Oct 15, 2011
Comment #1

လုလင် အားပေးသွားသည်

Comment #2

ok

commentinfo By: ei lay at Oct 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment