Professional Authors

စစ် (မင်းခိုက်စိုးစန်)

လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး
ကြီးမှ လက်ပေးသင်နေကြပုံများ
မြင်ရတာ ..
အော့နှလုံးတောင်နာတယ်၊
 
ကြေကွဲမူ့တစ်ခုကို ငါကောက်ရထားတယ် ..
ဘယ်သူ ကျပျောက်ခဲ့ပါသလဲ၊
 
ပိုင်ရှင်မဲ့မျက်ရည်များ လမ်းမပေါ်ပြန့်ကျဲ၊
နွံထဲမှာ လှည်းဘီးက ကျွံ.. လို့။
 
ရွှေအကြောင်း ဖယောင်းကသက်သေ.. တဲ့
လူ့သမိုင်းအကြောင်းတော့
အလောင်းတွေကသက်သေပါပဲ။

မင်းခိုက်စိုးစန် 

Comment #1

ရွှေအကြောင်း ဖယောင်းကသက်သေ.. တဲ့
လူ့သမိုင်းအကြောင်းတော့
အလောင်းတွေကသက်သေပါပဲ။

commentinfo By: အသဲကွဲ မိုး at Dec 22, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment