Professional Authors

ဂူအောင်းတတ်ကြတဲ့ နှင်းလူသားများ – နရီထက်

အိုးရွဲ့ကို စလောင်းဖုံးအပဲ့နှင့် ဖုံးခိုင်းတယ်
တန်ဘိုးခြင်း တူတတ်ခဲ့လို့လား

ပုလင်းတူ ဘူးစို့
အသွင်တူ အိမ်သူတွေ ဖြစ်တတ်ခဲ့ကြလို့လား

အမြင့်ပျံဌက်ခြင်းတူတူ
လေဟုန်းစီးခွင့် ကွာခြားနေတတ်ပြန်တယ်

အေးမြတဲ့ စမ်းရေခြင်းတူတူ
တိမ်ကောတတ်တဲ့ ဓလေ့ကျတော့ အသွင်ကွဲပြန်တယ်

ဂူတစ်ဂူ တစ်ကောင်ကျ
ခြင်္သေ့တောင် အမဲလိုက်ရင်
အဖော်တွေနှင့် ခြောက်လှန့် တတ်ကြတယ်

အရမ်းလှတဲ့ ရွှေသမင်လေးတွေ
သူ့အလှကို ခဏခဏ ငေးငေးကြည့်တော့
ဘ၀ပွဲတွေမှာ အပြေးနောက်ကျခဲ့တယ်

ဟန်တစ်ကိုယ်
ရင်ဖိုအောင် ကပြတတ်ကြတဲ့ ဒေါင်းတွေက
နောက်ပိုင်းမှာ ဖင်လှန်ပြခဲ့ကြတယ် မဟုတ်လား

သည်နေ့က နေ့တစ်နေ့
နေ့ပေါင်းများစွာက ဘ၀တစ်ခု
ဖြစ်ချင်တာတွေ ဖြစ်မလာရင်လည်း
ကံတရားကို အသာလေး လက်ညှိုးထိုးတတ်ကြတယ်။     ။

နရီထက်
( ၂၈ ၊ ဇွန်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Jun 28, 2011
Comment #1

မိုက်တယ် ကိုကြိး ဒိကဗျာက တခြားကဗျာတွေနဲ့  မတူဘူး အသွင်နည်းနည်းကွဲတယ်။ စိတ်ကူး တော်တော်ကောင်းတယ် ။ကြိုကတယ် အစ အဆုံးကြိုက်တယ် ကိုကြိး ဒိအပှဒ်လေးတွေ ကတော့ ပိုဖတ်လို့ ကောင်းတယ် အိုးရွဲ့ကို စလောင်းဖုံးအပဲ့နှင့် ဖုံးခိုင်းတယ်
တန်ဘိုးခြင်း တူတတ်ခဲ့လို့လား

ပုလင်းတူ ဘူးစို့
အသွင်တူ အိမ်သူတွေ ဖြစ်တတ်ခဲ့ကြလို့လား

အမြင့်ပျံဌက်ခြင်းတူတူ
လေဟုန်းစီးခွင့် ကွာခြားနေတတ်ပြန်တယ်ဂူတစ်ဂူ တစ်ကောင်ကျ
ခြင်္သေ့တောင် အမဲလိုက်ရင်
အဖော်တွေနှင့် ခြောက်လှန့် တတ်ကြတယ်

အရမ်းလှတဲ့ ရွှေသမင်လေးတွေ
သူ့အလှကို ခဏခဏ ငေးငေးကြည့်တော့
ဘ၀ပွဲတွေမှာ အပြေးနောက်ကျခဲ့တယ်

ဟန်တစ်ကိုယ်
ရင်ဖိုအောင် ကပြတတ်ကြတဲ့ ဒေါင်းတွေက
နောက်ပိုင်းမှာ ဖင်လှန်ပြခဲ့ကြတယ် မဟုတ်လားဖြစ်ချင်တာတွေ ဖြစ်မလာရင်လည်း
ကံတရားကို အသာလေး လက်ညှိုးထိုးတတ်ကြတယ်။ ။ ကြိုက်တယ်နော်

commentinfo By: thuya at Jun 28, 2011
Comment #2

အကြိုက်ဆုံးစာသားတွေ ရွေးချယ်ပေးတဲ့ ချစ်ညီလေး သူရကို ကျေးဇူးပါ…

commentinfo By: Nayihtet at Jun 28, 2011
Comment #3

အမြင့်ပျံဌက်ခြင်းတူတူ
လေဟုန်းစီးခွင့် ကွာခြားနေတတ်ပြန်တယ်

အေးမြတဲ့ စမ်းရေခြင်းတူတူ
တိမ်ကောတတ်တဲ့ ဓလေ့ကျတော့ အသွင်ကွဲပြန်တယ်
ကောင်းတယ်…ကိုနရီထက်အားပေးနေတယ်။

commentinfo By: poem.poem28 at Jun 28, 2011
Comment #4

အကြိုက်ဆုံးစာသားတွေ ရွေးချယ်ပေးသွားတဲ့ poem.poem28 ကို ကျေးဇူးပါ…

commentinfo By: Nayihtet at Jun 28, 2011
Comment #5

အမြင့်ပျံဌက်ခြင်းတူတူ
လေဟုန်းစီးခွင့် ကွာခြားနေတတ်ပြန်တယ်
အေးမြတဲ့ စမ်းရေခြင်းတူတူ
တိမ်ကောတတ်တဲ့ ဓလေ့ကျတော့ အသွင်ကွဲပြန်တယ်
အရမ်းကိုကောင်းတဲ့စာသားလေးတွေပါအကိုကြီးးးးးးး
အားပေးသွားတယ်

commentinfo By: myintmo at Jun 28, 2011
Comment #6

အကြိုက်ဆုံး စာသားတွေ ရွေးချယ်ပေးတဲ့ ညီမလေး မြင့်မိုရ်ကို ကျေးဇူးပါ…

commentinfo By: Nayihtet at Jun 28, 2011
Comment #7

အိုးရွဲ့ကို စလောင်းဖုံးအပဲ့နှင့် ဖုံးခိုင်းတယ်
တန်ဘိုးခြင်း တူတတ်ခဲ့လို့လား

ပုလင်းတူ ဘူးစို့
အသွင်တူ အိမ်သူတွေ ဖြစ်တတ်ခဲ့ကြလို့လား

ကြိုက်တယ်…….

commentinfo By: may at Jun 28, 2011
Comment #8

အကြိုက်ဆုံး စာသားရွေးချယ်ပေးတဲ့ may ကို ကျေးဇူးတင်ပါတယ်…

commentinfo By: Nayihtet at Jun 28, 2011
Comment #9

ဂူတစ်ဂူ တစ်ကောင်ကျ
ခြင်္သေ့တောင် အမဲလိုက်ရင်
အဖော်တွေနှင့် ခြောက်လှန့် တတ်ကြတယ်

အရမ်းလှတဲ့ ရွှေသမင်လေးတွေ
သူ့အလှကို ခဏခဏ ငေးငေးကြည့်တော့
ဘ၀ပွဲတွေမှာ အပြေးနောက်ကျခဲ့တယ်

ဟန်တစ်ကိုယ်
ရင်ဖိုအောင် ကပြတတ်ကြတဲ့ ဒေါင်းတွေက
နောက်ပိုင်းမှာ ဖင်လှန်ပြခဲ့ကြတယ် မဟုတ်လား..။အားပေးသွားတယ် ကိုနရီထက်..။

Comment #10

အကြိုက်ဆုံးစာသားတွေ ရွေးချယ်ပေးသွားတဲ့ ညီလေး ဇော်သက်ဦးကို ကျေးဇူးညီပါ….

commentinfo By: Nayihtet at Jun 28, 2011
Comment #11

အမြင့်ပျံဌက်ခြင်းတူတူ
လေဟုန်းစီးခွင့် ကွာခြားနေတတ်ပြန်တယ် ။

အေးမြတဲ့ စမ်းရေခြင်းတူတူ
တိမ်ကောတတ်တဲ့ ဓလေ့ကျတော့ အသွင်ကွဲပြန်တယ် ။

ဟန်တစ်ကိုယ်
ရင်ဖိုအောင် ကပြတတ်ကြတဲ့ ဒေါင်းတွေက
နောက်ပိုင်းမှာ ဖင်လှန်ပြခဲ့ကြတယ် မဟုတ်လား ။

Comment #12

အကြိုက်ဆုံးစာသားတွေ ရွေးချယ်ပေးတဲ့ လူမော်ငြိမ်းကို ကျေးဇူးပါ…

commentinfo By: Nayihtet at Jun 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment