သူတို့ပြောသမျှ ကမ္ဘာ – နရီထက်
နှိုင်းရက်စရာမရှိတဲ့ အလှတရားနဲ့ပြည့်စုံနေပြီးလား
 ပြောစရာတွင်ကျယ်တဲ့ အကြင်နာတရား ရှိနှင့်နေလား
 ငြိမ်းချမ်းခြင်းဆိုတဲ့ မေတ္တာတရားတွေ ရရှိနေပြီးလား
 စနစ်တစ်ခုအတွက်…
 တွင်တွင်လျှောက်ကြတယ်
 စတေးခံကြတယ်
 အမာခံတပ်စွဲကြတယ်
 လိမ်လည်မှုတွေ ဇွတ်တပ်ကြတယ်
 အနိုင်အရှုံးတွေ များတယ်
 ငတ်မွတ်ခေါင်ပါးမှုတွေ မနည်းပါလား
 စနစ်တစ်ခုအတွက်..
 မျက်နှာပန်းပွင့်မယ်တဲ့
 မျက်နှာအိုးမည်းသုတ်မှုတွေ များတယ်
 နားလည်ပါးရိုက်မှုတွေ အလွယ်လေး…
 လွယ်လွယ်လေး လှည့်ကွက်..
 လွယ်လွယ်လေး ထိုးနှက်ချက်..
 လွယ်လွယ်လေး ဒုက္ခများတယ်
 စနစ်တစ်ခုအတွက်..
 အပေါ်ကို ငေးငေးကြည့်နေသူတွေ များတယ်
 အောက်ကို ငဲ့စောင်းေ၇ွှ့ပေးပါလား
 တိုးတက်မှုတွေ ယောင်နေကြတယ်
 အခြေအနေမဲ့တွေ သိုသိပ်နေရတယ်
 ရေတွင်းတူးနက်…
 ရေကြည်ခက်လေကွယ်..
 စနစ်တစ်ခုအတွက်..
 စကားတွေ သိပ်များတယ်
 ငေးမောမှေးမှိန်သူတွေ များတယ်
 သူလိုလို ငါလိုလို စော်ဘွားတွေ များတယ်
 စကားတွေ အပြော(ကောင်းနေ)များနေတဲ့အချိန်
 မသိမသာ အိပ်အိပ်သွားတတ်သူတွေ များတယ်
 ယောင်လို့ ထအော် တတ်ကြနေပြီး….
 စနစ်တစ်ခုအတွက်
 ဆိုရှယ်ဝပ်ဆိုက်ဘ်တွေ အသုံးအစွဲကောင်းတယ်
 မီဒီယာတွေ ဈေးကွက်ပီပြင်လာတယ်
 ဆိုက်ဘားစစ်တွေ နယ်ချဲ့လာတယ်
 ဘယ်သူတွေ မှန်လို့
 ဘယ်သူတွေ ပိုပြီး ပီပြင်လာသလဲ
 မျက်စေ့မှုန်းဝါး အမြင်ေ၀၀ါးရောဂါကပ်ထလာပြန်တယ်
 စနစ်တစ်ခုအတွက်
 အကြွေးဝယ်ကဒ်…
 အကြွေးနက်တယ်
 အရစ်ကျ..
 အတိုးတွေပါ ဆပ်နေရပြီး
 အပျံစား…
 ရယ်ဒီမိတ်တွေ ခေတ်စားလာပြီး..
 စနစ်တစ်ခုအတွက်
 ခေတ်ဆိုတာ ပီပြင်လာစေချင်တယ်
 ပျော်ရွှင်မှုတွေ ၀ုန်းဒိုင်းထပျံစေချင်တယ်
 အရောင်မစွဲတဲ့ကောင်းကင်…
 နင့်ကို နာမည်နောက်တိုး မပေးဘူး…
 ဒါ ငါ့အတွက်… ခေတ်….။      ။ 
 နရီထက်
 (၀၂ ၊ သြဂုတ်လ ၊ ၂၀၁၂ )
Comment #2
😀
😀
😀
 By: ei lay at Oct 13, 2012
                        By: ei lay at Oct 13, 2012
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login




 
 
Comment #1
အခုခောတ်မှာ ဖြစ်နေတာလေးတွေကို ဖော်ကျုးထားတာနော် ကောင်းတယ်ကိုကြီး……မအားတဲ့ကြားက အမြဲအားပေးနေတယ်နော်…..