Professional Authors

“နောင်တတွေမရကြေးပေါ့ “

“တစိမ်းတွေ” လို့ နင်သတ်မှတ်
နင့်အဝေးသို့ ငါ…..ထွက်ပြေးပေးခဲ့ပါတယ်
လိုအပ်သမျှတွေ တရေးရေးပေါ်လာတဲ့အခါ
ဖန်ဆင်းရှင် နတ်သမီးရယ် လို့ နင် တင်စားဖူးတဲ့
ငါ့အား …
လိုက်ရှာခေါ်ယူဖို့
နင် စိတ်မကူးပါနဲ့……။   ။
 
“လမ်းခွဲကြမယ်” လို့ နင် စကားစ
အေးဆေးစွာ ငါလက်ခံပေးခဲ့ပါတယ်
နွေးနွေးထွေးထွေး စိတ်မချစကားတွေ
နင့်ပေါ် ဆိုသူမဲ့တဲ့အခါ /(သို့)
ပူပန်ပေးသော ဂရုစိုက်မှုတွေ နာခံခွင့်ရှိဖို့
နင် ဆန္ဒတွေ သိပ်ပြင်းပြလာတဲ့အခါ
လွမ်းဆွေးသမျှတွေ တည်ခင်းပြ
နင် အတ္တတွေလည်း သိပ်မဆန်ပါနဲ့….။
 
“အချစ်စစ်တွေ့ပါပြီ ” လို့ နင်အသိပေး
ငါ အလိုက်တသိ နောက်ဆုတ်ပေးခဲ့ပါတယ်
နင့် အသစ်လေးက
အပြစ်ဆိုတာတွေ နင့်ကို သိပ်မြင်လာခဲ့ရင်
ရင်ခွင်ဟောင်း ငါနဲ့ အကြင်နာနှိုင်း
ဘယ်သူက နင့်အပေါ် အချစ်နိုင်ဆုံးရယ် ပါလို့
ငါကြားမယ် အထင်နဲ့ နင်…သတင်းမလွှင့်ပါနဲ့….။
 
“ငါ့ကို စွန့်လွှတ်နိုင်တယ် ” လို့ နင်ဆုံးဖြတ်
ငါ တအံ့တသြနဲ့ ရပ်ကျန်ပေးခဲ့ပါတယ်
ငါ့လို နားလည်မှု သူ့မှာမရှိလို့
နင်တို့ သက်တမ်း အနာအဆာပြည့်နှပ်လာတဲ့အခါ
အဆုံးသတ်တစ်ခုတုန်းက
ငါ့နှုတ်ဆက်
“နောင်တတွေမရကြေးပေါ့ ” ဆိုတဲ့စကား
နင် ထိတ်လန့်တကြားနဲ့
ဘယ်တော့မှလည်း ပြန်မကြားယောင်ပါနဲ့…..။   ။
အလွမ်းကေသရီ
In: ကဗျာ Posted By: Date: Jun 28, 2011
Comment #1

ငါ့ကို စွန့်လွှတ်နိုင်တယ် ” လို့ နင်ဆုံးဖြတ်
ငါ တအံ့တသြနဲ့ ရပ်ကျန်ပေးခဲ့ပါတယ်
အားပေးသွားပါတယ်။အလွမ်း…

commentinfo By: poem.poem28 at Jun 28, 2011
Comment #2

“ငါ့ကို စွန့်လွှတ်နိုင်တယ် ” လို့ နင်ဆုံးဖြတ်
ငါ တအံ့တသြနဲ့ ရပ်ကျန်ပေးခဲ့ပါတယ်
ငါ့လို နားလည်မှု သူ့မှာမရှိလို့
နင်တို့ သက်တမ်း အနာအဆာပြည့်နှပ်လာတဲ့အခါ
အဆုံးသတ်တစ်ခုတုန်းက
ငါ့နှုတ်ဆက်
“နောင်တတွေမရကြေးပေါ့ ” ဆိုတဲ့စကား
နင် ထိတ်လန့်တကြားနဲ့
ဘယ်တော့မှလည်း ပြန်မကြားယောင်ပါနဲ့…..။ ။

commentinfo By: terry at Jun 28, 2011
Comment #3

“အချစ်စစ်တွေ့ပါပြီ ” လို့ နင်အသိပေး
ငါ အလိုက်တသိ နောက်ဆုတ်ပေးခဲ့ပါတယ်
နင့် အသစ်လေးက
အပြစ်ဆိုတာတွေ နင့်ကို သိပ်မြင်လာခဲ့ရင်
ရင်ခွင်ဟောင်း ငါနဲ့ အကြင်နာနှိုင်း
ဘယ်သူက နင့်အပေါ် အချစ်နိုင်ဆုံးရယ် ပါလို့
ငါကြားမယ် အထင်နဲ့ နင်…သတင်းမလွှင့်ပါနဲ့….။
ကြိုက်တယ် အလွမ်း …

commentinfo By: ငယ်လေး at Jun 28, 2011
Comment #4

“ငါ့ကို စွန့်လွှတ်နိုင်တယ် ” လို့ နင်ဆုံးဖြတ်
ငါ တအံ့တသြနဲ့ ရပ်ကျန်ပေးခဲ့ပါတယ်
ငါ့လို နားလည်မှု သူ့မှာမရှိလို့
နင်တို့ သက်တမ်း အနာအဆာပြည့်နှပ်လာတဲ့အခါ
အဆုံးသတ်တစ်ခုတုန်းက
ငါ့နှုတ်ဆက်
“နောင်တတွေမရကြေးပေါ့ ” ဆိုတဲ့စကား
နင် ထိတ်လန့်တကြားနဲ့
ဘယ်တော့မှလည်း ပြန်မကြားယောင်ပါနဲ့…

တစ်အံ့ တစ်သြကို အားပေးမိပါတယ်….

commentinfo By: greatgirl682 at Jun 28, 2011
Comment #5

နွေးနွေးထွေးထွေး စိတ်မချစကားတွေ
နင့်ပေါ် ဆိုသူမဲ့တဲ့အခါ /(သို့)
ပူပန်ပေးသော ဂရုစိုက်မှုတွေ နာခံခွင့်ရှိဖို့
နင် ဆန္ဒတွေ သိပ်ပြင်းပြလာတဲ့အခါ
လွမ်းဆွေးသမျှတွေ တည်ခင်းပြ
နင် အတ္တတွေလည်း သိပ်မဆန်ပါနဲ့….။
(ကောင်းပါတယ်…)

commentinfo By: Htoo at Jun 28, 2011
Comment #6

အားပေးသွားတယ်….။

Comment #7

share lite tal naw a yan kyite loz!!!!!!!!!!!!!

commentinfo By: phyo at Jul 1, 2011
Comment #8

“လမ်းခွဲကြမယ်” လို့ နင် စကားစ
အေးဆေးစွာ ငါလက်ခံပေးခဲ့ပါတယ်
“အချစ်စစ်တွေ့ပါပြီ ” လို့ နင်အသိပေး
ငါ အလိုက်တသိ နောက်ဆုတ်ပေးခဲ့ပါတယ်
“ငါ့ကို စွန့်လွှတ်နိုင်တယ် ” လို့ နင်ဆုံးဖြတ်
ငါ တအံ့တသြနဲ့ ရပ်ကျန်ပေးခဲ့ပါတယ်..
( nice ones .. 🙂 )

commentinfo By: aphyu at Aug 18, 2011
Comment #9

really nice.
don’t regret what u did pop naw.

commentinfo By: ei lay at Aug 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment