Professional Authors

ရှုမြင်နှလုံးသားနဲ့ အကြေအရပ်ကို သွားကြမယ်

 

 

ရှုမြင်နှလုံးသားနဲ့ အကြေအရပ်ကို သွားကြမယ်

 

ဟို … ဝေး ဝေး

သက္ကရာဇ်ရိုးရိုးအအထဲ တိမ်တိုက်တွေကိုလှမ်းကျော်အကြည့်

ဝရုန်းသုန်းကားပြည့်သိပ် ထောင့်တစ်ထောင့် မြင်ကွင်းမှုန်မှုန်

မသဲမကွဲဝေဒနာအလွင့်

အကြေအရပ်ကို ပင့်သက်တုန်လှုပ် ချောက်ချားမှု ရှုခင်းလေးလံပြကွက်ထဲ

 

ဇာတ်အိမ်အဆန်းအပြားရဲ့ မျက်ရည်ခပ်စိမ်းစိမ်း မင်းမူ

ရုပ်ဝတ္ထုပမာဏ စိန်ဓာတ်ယိမ်းယိုင်မှုကြား

အခမ်းအနားဖဲ့ခြွေသံ ရင်နာနာသံစဉ်

အဲဒီ ခပ်ရိုင်းရိုင်း … အာရုံလိုင်းဟာ

အဓိက မှတ်ကျောက်တိုင်ဝင်္ကပါ ဗဟိုသော့ချက်

 

ကောင်းကင်ယံထဲ ထူထူထဲထဲပုံရိပ် ခပ်ယိုင်ယိုင်

ရေပြင်မငြိမ်သက်မှုထဲ ပျစ်ပျစ်နှစ်နှစ် ခပ်ယိုင်ယိုင်

မြေပြင်မရှိမဲ့ရှိမဲ့ ခပ်ဝါးဝါး ထွေရာလေးပါး ခပ်ယိုင်ယိုင်

 

အော်သံတွေရဲ့ အရှေ့အနောက်ဝဲယာ အထက်အောက်

အော်သံထပ်ဆင့်လွန်းထိုး

အခြေအနေမတူပေမယ့် လူသားနားလည်မှုရင်း ထပ်တူမှတ်ကျောက်

 

ရက်ကျန်ရင်း ငေးကျန်ရစ် ချည်တိုင်တစ်ခုရဲ့မှတ်တမ်း

ရပ်ကျန်ရင်း ငေးကျန်ရစ် ကျွဲတစ်ကောင်ရဲ့မှတ်တမ်း

ရပ်ကျန်ရင်း ငေးကျန်ရစ် မိခင်ရင်ခွင်များစွာမဲ့ ကလေးငယ်တစ်သိုက်ရဲ့မှတ်တမ်း

ရပ်ကျန်ရင်း ငေးကျန်ရစ် ကလေးငယ်တစ်သိုက်မဲ့ မိခင်ရင်ခွင်များစွာရဲ့မှတ်တမ်း

ရပ်ကျန်ရင်း ငေးကျန်ရစ် လယ် … ယာ … မဲ့သွားတဲ့ လူသားအစုစုမှတ်တမ်း

ရပ်ကျန်ရင်း ငေးကျန်ရစ် လူသားအစုစု မဲ့သွားတဲ့ လယ် .. ယာ အစုစုမှတ်တမ်း

ရပ်ကျန်ရင်း ငေးကျန်ရစ် အိမ်ခြေများစွာမဲ့သွားတဲ့ မိသားစုများစွာမှတ်တမ်း

ရပ်ကျန်ရင်း ငေးကျန်ရစ် မိသားစုများစွာမဲ့သွားတဲ့ အိမ်ခြေများစွာ မှတ်တမ်း

ရပ်ကျန်ရင်း ငေးကျန်ရစ် အရာရာလုံးဝ(လုံးဝ) မဲ့သွားတဲ့အရာရာများစွာမှတ်တမ်း

ရပ်ကျန်ရင်း ငေးကျန်ရစ် အရာရာများစွာမဲ့သွားတဲ့ အရာရာလုံးဝ(လုံးဝ)မှတ်တမ်း

ရပ်ကျန်ရင်း ငေးကျန်ရစ်

ငေးကျန်ရစ် ရပ်ကျန်ရင်း

အရာရာကို ရှုမြင်စာနာဖို့ ဖေးမဖို့အကြေအရပ်ကိုသွားကြစို့။

ကလင့်(မန္တလေး)

အဇ္ဈတ္တအယ်လဘမ် ကဗျာစာအုပ်ပေါင်းချုပ်မှထုတ်နုတ်သည်

 

 

In: ကဗျာ Posted By: Date: Sep 22, 2011
Comment #1

ကောင်းလိုက်တဲ့ကဗျာဗျာ….
အကြေအရပ်ကိုသွားကြမယ်တဲ့လား……….
ခေါင်းစဉ်နဲ့ တင် ကြွေသွားတယ်…
အရမ်းအရမ်းကြိုက်ပါတယ်…..
ကျွန်တော်တို့ လည်း အကြေအရပ်ကိုသွားကြရအောင်

commentinfo By: yaewintaung at Sep 22, 2011
Comment #2

အကြေရပ်မှာဆုံမယ်

commentinfo By: May Kha at Sep 22, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment