Professional Authors

အသိုက် (ဥတ္တရာအောင်)

အပျော်နဲ့ငေါ့ရည်ဖွဲ့
ညီညွတ်မှု့တွေ မိုးအဖြစ်ရွာချကြတဲ့အခါ
တို့ကမ္ဘာဟာ
ဘယ်တော့မှ လွင်တီးခေါင်မှာမဟုတ်ဘူး။

အဆင်မပြေခြင်း ဆိုတာကလည်း
မမြင်ရတဲ့ လေတစ်မျိုးပဲ မဟုတ်လား
ဘယ်ညာယိုင်ထိုးလို့
ကြမ္မာဆိုးကို အငိုနဲ့ပဲ ချော့်သိပ်ရမတဲ့လား။

တောခြောက်သံမှာ မျက်ရည်ဝဲတာ
ပျော့ညံ့သူတွေ အလုပ်ပါ ညီမလေးရယ်
ချိုမြိန်မှု့တွေ လင်းလက်နိုင်ဖို့အတွက်
တို့တွေ
အလျှံရဲရဲ
ရင်ဆိုင်ရဲဖို့တော့ လိုတာပေါ့။

ဥတ္တရာအောင်

In: ကဗျာ,ဥတ္တရာအောင် Posted By: Date: May 3, 2010
Comment #1

😛
fighting

commentinfo By: ei lay at Jul 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment