Professional Authors

ဟဲဟဲ မိုင်ကုန်ဖွင့်ကြည့်ခြင်း

လ္ဘက်ရည်ဆိုင်

ချောင်ကျကျ စားပွဲလေးမှာ

ရက်စက်ဆုံး အတွေးတွေကို

မိုင်ကုန်ဖွင့်ပြီး

ကျစိမ့် တစ်ခွက်နဲ့

အဖော်ပြုခဲ့တာ ဒီနေ့ထိပါကွာ

ရိုးအီသွားခြင်းမရှိတဲ့

အသစ်စက်စက် အတွေးတွေနဲ့ပဲ

သရုပ်မှန်ကို ထုတ်ပြန်ကြည့်နေတာပါ

ငါမှားလား

အမှန်နဲ့အမှား ခဲခြားမရမဲ့အတူတူ

ကံကြမ္မာ ဒိုင်လူကြီးကလဲ

ငါ့ဖြစ်အင်ကို သနားလို့ထင်ရဲ့

အ၀ါကပ်ပြ သတိပေးထားတယ်

ဘာပဲ ဖြစ်ဖြစ်

သရဲနီတိုက်ကွက် ထိုးစစ်တွေကြားမှာ

အမြှောက်တတ်တွေလဲ ဖရိုဖရဲ

ငါသွားသင့်ပြီ

“ရှင်းမယ်ဟေ့ ´´

Comment #1

ကောင်းတယ်ဗျာ….
ကဗျာလည်းကောင်းတယ် စိတ်ကူးလည်းgood တယ်

commentinfo By: poem.poem28 at Jun 9, 2011
Comment #2

တော်သေးတာပေါ့…ပိုက်ပိုက်တော့ရှင်းခဲ့လို့ 😛

commentinfo By: chocolate at Jun 9, 2011
Comment #3

သရဲနီတိုက်ကွက် ထိုးစစ်တွေကြားမှာ

အမြှောက်တတ်တွေလဲ ဖရိုဖရဲ

ဟဟ မိုက်တယ်…

commentinfo By: Htoo at Jun 10, 2011
Comment #4

နောက်တခါဆိုရင်
သရဲနီအော်သံတွေကြားမှာ စတမ်းဖို့တံတားကြီးကျိုးကျတာ
ထည့်ရေးပေးပါဦး

commentinfo By: လွမ်းနောင် at Jun 10, 2011
Comment #5

အားပေးသွားပါတယ် မင်းခန့်သူ…။ ။

Comment #6

ha,,ha,,
mike de kwar,
shin me hey.
he,,he,,

commentinfo By: ei lay at Aug 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment