Professional Authors

ဘ၀ကိုလက်ပေါ်တင်ကြည့်ခြင်း

ချွတ်ထားတဲ့ဖိနက်ဆိုရင် ကော့ပျံနေမှာပဲ
ဘ၀ကလောင်ကျွန်းစရာမရှိအောင်
ခြောက်သွေ့နေတယ်…

လမ်းဘေးခုံတန်းတွေမှာထိုင်နေတယ်
လက္ဘက်ရည်ဆိုင်မှာထိုင်နေတယ်
အင်တာနက်ဆိုင်မှာထိုင်နေတယ်
ဘ၀ထဲမှာထိုင်နေတယ်…

” ဘ၀ကိုညည်းထွားနေတာလောက်
လူမဆန်တာ မရှိဘူး” လို့တော့ မပြောပါနဲ့…

ဒီနေ့ဒီရက်တွေမှာ
ငါဟာတကယ်ပဲ လူမမာတစ်ယောက်ပါ
ခြင်တွေလို သူလိုချင်တာမရခင်ထိ
အော်ညည်းလိုက်ဖို့လည်း
ငါမှာခွန်အားမရှိတော့ဘူး…။ ။

           ကဝေ
       (6.12.2013)

In: ကဗျာ Posted By: Date: Dec 7, 2013
Comment #1

ကောင်းပါတယ် ကဗျာကတကယ်ကောင်းပါတယ် ပြီးတော့  ကြိုက်ပါတယ် နောက်ပြီးတော့ ကဗျာေ၇းတဲ့ သူလဲတော်ပါတယ်။

commentinfo By: ဗညားအောင် at Dec 8, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment