Professional Authors

ငါလမ်းမခွဲပေးဘူး ဆိုတာက…..

ငါလမ်းမခွဲပေးဘူး ဆိုတာက…..
နင်လိုအပ်တဲ့အရာတွေ ငါဖြည့်ဆည်းပေးခွင့် အချိန်ပြည့်မရှိမှာ စိုးလို့ပါ….။
 
ငါလမ်းမခွဲပေးဘူး ဆိုတာက…..
နင်….၀မ်းနည်းနေရတဲ့အချိန် ငါ့လက်တစ်စုံနဲ့ နင့်မျက်ရည်တွေ သုတ်ပေးခွင့်မရှိမှာ စိုးလို့ပါ…..။
 
ငါလမ်းမခွဲပေးဘူး ဆိုတာက…..
နင်ခံစားနေရသမျှ ထွက်ပေါက်ရှာတဲ့အခါ နင့်ဘေးနားမှ ငါစောင့်ရှောက်….နင်အမှားဘက် မရောက်သွားအောင်
ငါ……လမ်းပြပေးချင်သေးလို့ပါ…..။
 
ငါလမ်းမခွဲပေးဘူး ဆိုတာက…..
နင့် ထမင်းစားချိန်တွေတိုင်း ငါ အဖော်ပြု ရေအေးတစ်ခွက်နဲ့ နင့်အကြိုက်ဟင်းတွေ မှာ ပေးချင်လို့ပါ….။
 
ငါလမ်းမခွဲပေးဘူး ဆိုတာက…..
လက်သည်းလေးတွေ နည်းနည်းရှည်တိုင်း …..မနေတက်တဲ့နင့်ကို
တစ်ပတ်တစ်ခါ လက်သည်းပုံမှန် ညုပ်ပေးခွင့် ….ငါ ဆုံးရှုံးမှာ ကြောက်လို့ပါ….။
 
ငါလမ်းမခွဲပေးဘူး ဆိုတာက…..
နင်ညအိပ်မရတိုင်း ဖုန်းပြောဖို့ ငါ့အလှည့် နင်သတ်မှတ်ပေးတဲ့အခါ….
နင်နားထောင်လေ့ရှိသော……ငါ့ကဗျာတွေအကြောင်း ငါပြောပြခွင့် မရှိမှာ စိုးလို့ပါ….။
 
ငါလမ်းမခွဲပေးဘူး ဆိုတာက…..
ဘယ်သူ့က နင့်အတွက် အချစ်စစ် ငါ အကဲခတ်ခွင့်မရမှာ စိုးလို့ပါ….။
 
ငါလမ်းမခွဲပေးဘူး ဆိုတာက…..
သူ့ကို နင့်အကြိုက် နင့်စရိုက်တွေ အသိပေး
နားလည်မှုတွေနဲ့ နင်တို့ ခိုင်မြဲလာအောင် လမ်းပြ…..နင်သူ့ကြောင့် စိတ်ထိခိုက်မှုတွေ ကြုံလာမှာစိုးလို့ပါ…။
 
ငါလမ်းမခွဲပေးဘူးဆိုတာက….
ငါတို့ဇာတ်လမ်း အဆုံးသတ်ကြတဲ့အခါ နင့်ကိုချန်ရစ်
ပြန်လှည့်မကြည့်ချင်တော့လောက်အောင် ငါ…စိတ်နာစေမယ့်အကြောင်းအရာ…….
ခုချန်ထိ ငါ မခံစားမိသေးလို့ပါ…။
 
ငါလမ်းမခွဲပေးဘူးဆိုတာက
……………………နင်မရှိတဲ့ ငါ့နေ့ရက်တွေအတွက်
ဘယ်လို ကုန်ဆုံးရမယ်ဆိုတာလည်း ငါ မတွေးရဲသေးလို့ပါ…။
 
ငါလမ်းမခွဲပေးဘူးဆိုတာက
နင်အလိုမရှိတဲ့ ငါ့အနာဂတ်အတွက် ဘယ်လိုရင်ဆိုင်မှုတွေနဲ့ငါအားမွေး
မပိုင်ဆိုင်လိုတဲ့ အထီးကျန်မှုတွေအစားထိုးဖို့
ခန့်မှန်းရင်း ငါမရင့်ကျက်သေးလို့ပါ…။    ။
In: ကဗျာ Posted By: Date: Jun 9, 2011
Comment #1

ကဗျာဖတ်ပြီး…. ပါးစပ်အဟောင်းသားလေးဖြစ်သွားတယ်
အလွမ်း….ကောင်းလိုက်တာဗျာ

commentinfo By: poem.poem28 at Jun 9, 2011
Comment #2

ငါလမ်းမခွဲပေးဘူးဆိုတာက….
ငါတို့ဇာတ်လမ်း အဆုံးသတ်ကြတဲ့အခါ နင့်ကိုချန်ရစ်
ပြန်လှည့်မကြည့်ချင်တော့လောက်အောင် ငါ…စိတ်နာစေမယ့်အကြောင်းအရာ…….
ခုချန်ထိ ငါ မခံစားမိသေးလို့ပါ…။

ခံစားမိရင်တော့…သူမပြောလဲ လမ်းခွဲမယ်ပေါ့ 🙁

commentinfo By: chocolate at Jun 9, 2011
Comment #3

အင်းပေါ့
ခံစားမိရင်တော့ လမ်းခွဲပေးရမှာပေါ့
သူကိုယ်တိုင်ကိုက လမ်းခွဲချင်နေတာလေ
ဒီအကြောင်းပြချက်လေးတွေနဲ့ပဲ လမ်းမခွဲပေးဖို့ ….နှောင်ထားတာ…..
😛

commentinfo By: အလွမ်း at Jun 10, 2011
Comment #4

အရမ်းကြိုက်တယ်
အရမ်းကောင်းတဲ့ကဗျာလေးပါ
ကဗျာရေးတဲ့သူကိုလဲအရမ်းကိုလေးစားပါတယ်

commentinfo By: wityee at Jun 10, 2011
Comment #5

ငါလမ်းမခွဲပေးဘူး ဆိုတာက…..
သူ့ကို နင့်အကြိုက် နင့်စရိုက်တွေ အသိပေး
နားလည်မှုတွေနဲ့ နင်တို့ ခိုင်မြဲလာအောင် လမ်းပြ…..နင်သူ့ကြောင့် စိတ်ထိခိုက်မှုတွေ ကြုံလာမှာစိုးလို့ပါ…။

ငါလမ်းမခွဲပေးဘူးဆိုတာက….
ငါတို့ဇာတ်လမ်း အဆုံးသတ်ကြတဲ့အခါ နင့်ကိုချန်ရစ်
ပြန်လှည့်မကြည့်ချင်တော့လောက်အောင် ငါ…စိတ်နာစေမယ့်အကြောင်းအရာ…….
ခုချန်ထိ ငါ မခံစားမိသေးလို့ပါ…။

ငါလမ်းမခွဲပေးဘူးဆိုတာက
……………………နင်မရှိတဲ့ ငါ့နေ့ရက်တွေအတွက်
ဘယ်လို ကုန်ဆုံးရမယ်ဆိုတာလည်း ငါ မတွေးရဲသေးလို့ပါ…။

ငါလမ်းမခွဲပေးဘူးဆိုတာက
နင်အလိုမရှိတဲ့ ငါ့အနာဂတ်အတွက် ဘယ်လိုရင်ဆိုင်မှုတွေနဲ့ငါအားမွေး
မပိုင်ဆိုင်လိုတဲ့ အထီးကျန်မှုတွေအစားထိုးဖို့
ခန့်မှန်းရင်း ငါမရင့်ကျက်သေးလို့ပါ…။ ။
…….ကေ..ရယ်..ဘာပြောရမှန်းတောင်မသိတော့ဘူး………

commentinfo By: အသဲကွဲမိုး at Jun 10, 2011
Comment #6

ငါလမ်းမခွဲပေးဘူးဆိုတာက
……………………နင်မရှိတဲ့ ငါ့နေ့ရက်တွေအတွက်
ဘယ်လို ကုန်ဆုံးရမယ်ဆိုတာလည်း ငါ မတွေးရဲသေးလို့ပါ…။

commentinfo By: ခင်ဘုန်းနေ at Jun 15, 2011
Comment #7

နင်နားထောင်လေ့ရှိသော……ငါ့ကဗျာတွေအကြောင်း ငါပြောပြခွင့် မရှိမှာ စိုးလို့ပါ….။

ငါတို့ဇာတ်လမ်း အဆုံးသတ်ကြတဲ့အခါ နင့်ကိုချန်ရစ်
ပြန်လှည့်မကြည့်ချင်တော့လောက်အောင် ငါ…စိတ်နာစေမယ့်အကြောင်းအရာ…….
ခုချန်ထိ ငါ မခံစားမိသေးလို့ပါ…။

commentinfo By: MyoZin at Jul 3, 2011
Comment #8

har,,,,
lone wa heart hti de kwar.
a yan a yan kyike de.

commentinfo By: ei lay at Aug 20, 2011
Comment #9

dar taung ma ti bu lar.

commentinfo By: ei lay at Dec 29, 2011
Comment #10

:'(
:'(
:'(
I suspect Am I so bad?

commentinfo By: ei lay at Nov 4, 2012
Comment #11

ငါလမ်းမခွဲပေးဘူးဆိုတာက….
ငါတို့ဇာတ်လမ်း အဆုံးသတ်ကြတဲ့အခါ နင့်ကိုချန်ရစ်
ပြန်လှည့်မကြည့်ချင်တော့လောက်အောင် ငါ…စိတ်နာစေမယ့်အကြောင်းအရာ…….
ခုချန်ထိ ငါ မခံစားမိသေးလို့ပါ…။

commentinfo By: meso at Nov 4, 2012
Comment #12

စေတနာတို့ကြောင့်ပါ။သို့သော်ပြသနာအတော်များများက စေတနာမှားတို့ကြောင့်လို့ပြောသူတွေလဲရှိပါတယ်။ကဗျာအားဖြင့်တော့ သိပ်မိုက်တဲ့ခံစားမှုပါ။ငါမရင့်ကျက်သေးလို့ပါ။မိုက်စ်။

commentinfo By: paisoethumg at Jan 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment