Professional Authors

ငါ ဆိုတဲ့သူ ဆိုတာက………

အဝေးဆုံးကို ထွက်ပြေးသွားသူ နင်
မရှိပေမယ့်လည်း …….
နင် ပေးခဲ့တဲ့ အနမ်းတွေကို
အလွမ်းတွေအဖြစ် သိမ်းဆည်းထားဆဲ ချစ်သူ။

ငါဆိုတာကလည်း
တွေ့ရာလူကို ချစ်တတ်တဲ့ ပေါ့ပျက်ပျက်အစားထဲမှာ
မပါတော့လည်း ငါ ချစ်တဲ့ နင် ၁ ယောက်အတွက် ခံစား.. လွမ်းဆွတ်နေရတာ ဆန်းမယ် မထင်ဘူးပေါ့ ချစ်သူ။

အစွဲအလမ်းကြီးသူ ငါတော့
ဆက်ပြီး ရူးနေရအုန်းမှာပေါ့
ငါ … က နင့် ထက် ပိုချစ်ခဲ့ရသူကိုး။

ငါ ကဗျာတွေကို ချစ်သလို
 နင့်(ချစ်သူဖြစ်ခဲ့ဖူးသူ)ကိုလည်း ချစ်နေဆဲ ချစ်သူ
ကဗျာက ငါ့ စိတ်… နင်က ငါ့ …ကမ္ဘာကိုး
မှားယွင်းစွာ ကိုးကွယ်မှူဖြစ်နေသည့်တိုင်
ငါ …. လူမိုက်ဖြစ်ချင်ခဲ့သူပါ။

လူတွေက ပြောကြတယ်
ကိုယ့်ကိုယ်ဖျက်သံချေးတက်ဆိုပဲ …
ငါဆိုတာကလည်း
သူကြင်မှ ကိုယ်ကြင် … မစားရတဲ့အမဲ သဲနဲ့မပတ်တတ်သူကိုး
ငါ့ အချစ်အတွက်တော့ ငါဟာ(ကိုယ်ကိုယ်တိုင်အတွက်)သူရဲကောင်းပဲ။

အတ္တသမံ ပေမံနတ္ထိ တဲ့
ဒီလိုအဆိုအမိန့်ရှိခဲ့ကြတော့လည်း
ကိုယ်ကိုယ်ကို ကိုးကွယ်ကြတာလည်း မဆန်းဘူးလို့ ပြောနိုင်တာပေါ့။

ပေါင်းစပ်ခွင့် မရှိခဲ့တောင်
ဆက်ချစ်နေခွင့်ကိုတော့
ငါ .. ပိုင်တာပေါ့နော်
ဒါပေမယ့်
ငါ …..တောင်းဆုခြွေခဲ့ပါတယ်
ဒီဘဝမှာ ဒီလောက်နဲ့ပဲ နာကျင်ကြေကွဲနေရပါစေတော့လို့။

(၅-၂-၂ဝ၁၁)

In: ကဗျာ Posted By: Date: Feb 5, 2011
Comment #1

ပေါင်းစပ်ခွင့် မရှိခဲ့တောင်
ဆက်ချစ်နေခွင့်ကိုတော့
ငါ .. ပိုင်တာပေါ့နော်
ဒါပေမယ့်
ငါ …..တောင်းဆုခြွေခဲ့ပါတယ်
ဒီဘဝမှာ ဒီလောက်နဲ့ပဲ နာကျင်ကြေကွဲနေရပါစေတော့လို့။

ပန်းအိရေ..အရမ်းခိုက်သွားတယ်…အားပေးသွားတယ်နော်

commentinfo By: အသဲကွဲမိုး at Feb 7, 2011
Comment #2

Thanks အသဲကွဲမိုး , and sorry for my late comment to you. … -)
I like your poems.

commentinfo By: pannei at Jul 8, 2011
Comment #3

ကောင်းတယ် ဗျာ…အားပေးသွားသည်

Comment #4

ကျေးဇူး လုလင်ငယ်သွေး 🙂

commentinfo By: pannei at Aug 8, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment