Professional Authors

ချစ်သူများနေ့ဆိုတာက ငါ့တွက်တော့အတွေးများစေတဲ့နေ့လေးတစ်နေ့ပါပဲ

ဘာလိုလိုနဲ့ တစ်ရက်ပြီးတစ်ရက်ကုန်သွားလိုက်တာ အသက်တွေတောင်ကြီးလာမှပဲ အသက်တောင်မှ ၂၂ ပြည့်ဖို့ ရက်ပိုင်းသာလိုတော့ပေမဲ့ ခုထိတိုင် ရင့်ကျက်တဲ့အတွေးလေး မတွေးဖူးသေးဘူး တစ်နေ့လုံး စိတ်ထဲ ချစ်သူအကြောင်းတွေးပြီး နေထိုင်နေလာလိုက်တာ ချစ်သူ့သက်တမ်း ၂နှစ်ပြည့်တော့မယ်  တစ်ခါတစ်လေ ပင်ပန်းလိုက်တာ ဆိုတဲ့အတွေးဝင်မိပေမဲ့ ခုထိတိုင် လက်လွတ်လိုက်ဖို့အတွေးတစ်စုံတစ်ရာတောင်မတွေးခဲ့မိဘူး ရူးလိုက်တာလို့ ပြောလဲ ခံခဲ့ရတာပဲ      အရှက်သိက္ဖာတွေ မြေမှာချပြီး သည်းခံနိုင်စွမ်းတွေများနေလိုက်တာ ယုံတောင်မယုံနိုင်ခဲ့ ဘူး စပြီးချစ်ကတည်းက ယုံကြည်နေခဲ့တာ ခုထိတိုင် မယုံနိုင်မှုတွေနဲ့ ယုံကြည်နေစဲပဲ ရည်းစားထားခဲ့ဘူး တယ် အပေါ်ယံပျော်ရွင်ခဲ့ရတယ် စိတ်ခံစားမှုကိုနက်နက်နဲနဲမထားခဲ့ဘူး သူများကို လှည့်စားခဲ့တာမျိုး  မဟုတ်ခဲ့ပေမဲ့ အပျော်ဆိုတဲ့စိတ်နဲ့ ကစားခဲ့ဘူးတယ် ခုအဲ့လိုလုပ်ခဲ့မိလို့  ကိုယ့်အလှည့်ဆိုတဲ့ အချိန်ကို ရောက်တော့မှ စာနာစိတ်က၀င်ခဲ့တယ် သဘောကျတယ်လို့ပြောတဲ့ကောင်မလေးတွေ ဘယ်လောက် ရှိနေမလဲ အွန်လိုင်းပေါ်က ချစ်သူတွေ များနေမလား ဖုန်းတွေပြောနေမလား လို့ တွေးမိရင်တောင် ဒီမှာ ရင်တွေပူတာနေလို့ မကောင်းပါဘူး  သူသာရှိနေရင် ဆိုတဲ့အတွေးနဲ့ ချစ်သူ့ရဲ့ မျက်နှာ ကိုကြည့် ပြီးနေရတာကို ပျော်နေတာ  ..ပိတ်ရက်လေးရလို့ သူနဲ့တွေ့ရမယ်ဆိုရင် ပင်ပန်းတယ်ဆိုတာ မေ့နေတယ် သူများပြောတာတွေကို ဂရုစိုက်ဖို့ အတွေးလေးတောင်မရှိဘူး ဘ၀မှာ အချစ်က အရေးကြီး တာမဟုတ်ပေမဲ့ ချစ်သူကတော့အရေးကြီးနေခဲ့ပြီးလေ ချစ်သူများနေ့မှာ အနားမှာ၇ှိစေချင် ပေမဲ့လောဘကြီးလို့ဘယ်ဖြစ်မှာလဲလို့တွေးနေရင်းးးးးးးး ငါရင့်ကျက်ဖို့လိုသေးတယ်ဆိုတာလေးတွေးမိ တယ်…….

ချစ်သူများနေ့ဆိုတာက ငါ့တွက်တော့အတွေးများစေတဲ့နေ့လေးတစ်နေ့ပါပဲ             

In: စကားပြေ Posted By: Date: Feb 14, 2012
Comment #1

ဘ၀မှာ အချစ်က အရေးကြီး တာမဟုတ်ပေမဲ့ ချစ်သူကတော့အရေးကြီးနေခဲ့ပြီးလေ
ခံစားချက်ချင်းနီးစပ်နေလို့လားတော့မသိဘူး ဖတ်လို့အရမ်းကောင်းပါတယ်။

commentinfo By: greenlady at Feb 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment