Professional Authors

ကျွန်မ ရှင့်ကို ချစ်ခဲ့တယ် ဆိုတာက…..

ကျွန်မ ရှင့်ကို ချစ်ခဲ့တယ် ဆိုတာက…..
ရှင်ပျော်ရွှင်နေတဲ့အချိန်
ရှင့်မျက်နှာကို ငေး
ကျွန်မ အားငယ်နေတဲ့အခါ
ရှင့်လက်ဖ၀ါးကို အားပြုမာန်တင်း
တစ်ယောက်ကို တစ်ယောက် နားလည်မှု အ၀၀ နဲ့
အပေးအယူမျှနေစေဖို့အတွက်…..။
 
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ် ဆိုတာက…..
ကျွန်မတို့နှစ်ယောက် ဝေးနေရတဲ့အချိန်
နှစ်ယောက်စလုံးရဲ့အလွမ်း
ရင်ဘတ်တစ်ခုချင်းစီထဲ
စီးဝင်နေကြရင်း
အောင်မြင်သော ဘ၀ခရီးကို
အချိန်တစ်ခုမှာ အရယူကြနိုင်ဖို့…..။
 
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ် ဆိုတာက…..
စိတ်ကူးယဉ်ကာလတွေထက်
လက်တွေ့တွေထဲ
အတူတူကျင်လည်ရင်း
လူပြောများတဲ့ လောကဒဏ်
ရှင်နဲ့အတူ…..ရင်ဆိုင်ချင်လို့….။
 
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ် ဆိုတာက…..

တစ်ခုတည်းသောအချစ်ကို ပေးအပ်

အနှစ်သာရ ရှိရှိ
မိန်းမတစ်ယောက်ရဲ့အရည်အချင်းတွေ
အာရုံတွေထဲ ထပ်လောင်းထည့်ရင်း
အဖော်မွန်ကောင်း ရှင့်အတွက် ဖြစ်လာစေဖို့…..။
 
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ်ဆိုတာက
ရှင်လိမ်လည်သမျှ မသိဟန်ဆောင်
 သစ္စာတွေ တယူသန်စွာထိမ်း
ရှင်ဘာပဲဖြစ်ဖြစ် ကျွန်မက ခွင့်လွတ်ပေးဖို့အသင့်နဲ့
လူသားနှစ်ဦးရဲ့ မမျှတတဲ့ အချစ်ဇာတ်လမ်းအတွက်တော့မဟုတ်ဘူး….။
 
ရှင်…နောက်ထပ်လည်းမှတ်ထားပါ
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ်ဆိုတာက
ရှင် ချစ်သလောက် ကျွန်မ တင်းတိမ်ပေးရင်း
အလိုမကျတော့တဲ့အခါ ရှင်ထားခဲ့
ရှင့်ကိုပဲ တသသနဲ့ တမ်းတနေရဖို့တော့မဟုတ်ဘူး…..။  

ရှင် သိထားပါ
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ်ဆိုတာက
နယူတန်ရဲ့နိယာမအတိုင်းဆိုပေမယ့်
လားရာဘက်ရော ဦးတည်ချက်ပါတူတဲ့
ခံစားချက် သက်ရောက်မှုတွေနဲ့မို့ပါ….။     ။

In: ကဗျာ Posted By: Date: Jun 8, 2011
Comment #1

ကဗျာလေးက အရမ်းကောင်းပါတယ် ။ နောက်လဲအားပေးနေပါ့မယ် ။

commentinfo By: cherrymay at Jun 8, 2011
Comment #2

နယူတန်ရဲ့နိယာမအတိုင်းဆိုပေမယ့်
လားရာဘက်ရော ဦးတည်ချက်ပါတူတဲ့
ခံစားချက် သက်ရောက်မှုတွေနဲ့မို့ပါ….။ ။
ပွင့်လွှာ…အာပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 8, 2011
Comment #3

ခံစားမှုတွေ က သိပ်ပြီးပြင်းထန်လွန်းပါတယ်….။။
အားပေးသွားပါတယ်..။

Comment #4

မာန်နတွေနဲ့ခံစားချက်တွေထင်တယ်။အားပေးနေမယ်နှော်

commentinfo By: whiterose11 at Jun 9, 2011
Comment #5

မိုက်တယ် ကဗျာအရေးအသားလေးက
ဒီလို မာနတွေ ရှိသင့်တယ် ထင်တယ်
သူကြင်မှ ကိုယ်ကြင်ပေါ့နော့
အားပေးသွားတယ် ပွင့်လွှာရေ…..
အဲလို ခံစားချက်တွေကို သဘောကျတယ်….။ ။

commentinfo By: the girl at Jun 20, 2011
Comment #6

lone wa kwat ti pe.
tu tu be,,
thz so much,the intelligent poet.

commentinfo By: ei lay at Dec 29, 2011
Comment #7

ကဗျာလေးကကောင်းတယ်နှော်။ဒီလိုပဲဖြစ်သင့်တယ်။အားပေးသွားပါတယ်။

commentinfo By: whiterose11 at Dec 29, 2011
Comment #8

ဒီကဗျာလေး အတွက် ကျေးဇူးတင်ပါတယ်…

commentinfo By: nwenyeinaye at Dec 30, 2011
Comment #9

ကျွန်မ ရှင့်ကို ချစ်ခဲ့တယ်ဆိုတာက
ရှင်လိမ်လည်သမျှ မသိဟန်ဆောင်
သစ္စာတွေ တယူသန်စွာထိမ်း
ရှင်ဘာပဲဖြစ်ဖြစ် ကျွန်မက ခွင့်လွတ်ပေးဖို့အသင့်နဲ့
လူသားနှစ်ဦးရဲ့ မမျှတတဲ့ အချစ်ဇာတ်လမ်းအတွက်တော့မဟုတ်ဘူး….။

ရှင်…နောက်ထပ်လည်းမှတ်ထားပါ
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ်ဆိုတာက
ရှင် ချစ်သလောက် ကျွန်မ တင်းတိမ်ပေးရင်း
အလိုမကျတော့တဲ့အခါ ရှင်ထားခဲ့
ရှင့်ကိုပဲ တသသနဲ့ တမ်းတနေရဖို့တော့မဟုတ်ဘူး…..။

ရှင် သိထားပါ
ကျွန်မ ရှင့်ကို ချစ်ခဲ့တယ်ဆိုတာက
နယူတန်ရဲ့နိယာမအတိုင်းဆိုပေမယ့်
လားရာဘက်ရော ဦးတည်ချက်ပါတူတဲ့
ခံစားချက် သက်ရောက်မှုတွေနဲ့မို့ပါ….။

commentinfo By: NC at Dec 30, 2011
Comment #10

ကျွန်မ ရှင့်ကို ချစ်ခဲ့တယ်ဆိုတာက
ရှင် ချစ်သလောက် ကျွန်မ တင်းတိမ်ပေးရင်း
အလိုမကျတော့တဲ့အခါ ရှင်ထားခဲ့
ရှင့်ကိုပဲ တသသနဲ့ တမ်းတနေရဖို့တော့မဟုတ်ဘူး…..။

commentinfo By: meso at Nov 4, 2012
Comment #11

ကျွန်မ ရှင့်ကို ချစ်ခဲ့တယ် ဆိုတာက…..
စိတ်ကူးယဉ်ကာလတွေထက်
လက်တွေ့တွေထဲ
အတူတူကျင်လည်ရင်း
လူပြောများတဲ့ လောကဒဏ်
ရှင်နဲ့အတူ…..ရင်ဆိုင်ချင်လို့….။
 အရမ်းကောင်းပါတယ်

commentinfo By: Phoo mhone at Mar 19, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment