““အရှုံးပေးနေမယ်””
အလွမ်းရဲ့သခင်ဟာ
ကြင်နာသူရဲ့ အချစ်
ငါ့ကိုပစ်သွားတာ 
မင်းလေးရဲ့အပြစ်
တဆစ်ဆစ်နဲ့ နာနေတဲ့ရင်မှာ
မြင်သာမြင်ရ မကြင်ရမယ့်သူကို
ခင်တွယ်နေမိတယ်…။
မလှမ်းသင့်တဲ့  လမ်းကို
ဆက်လှမ်းမိတယ်…။
မနမ်းသင့်တဲ့  ပန်းကို 
ဆက်နမ်းမိတယ်…။
မမျှော်မှန်းသင့်တဲ့  အနမ်းကို
ဆက်မျှော်မှန်းမိတယ်…။
နောက်ဆုံးတော့ ဇာတ်လမ်းအဆုံး
မျက်ကန်းလွန်းတဲ့ငါ
အချစ်တွေရှုံးလို့
မင်းရဲ့ ခပ်ကြမ်းကြမ်းအမုန်းတွေနဲ့
လူံးထွေးခဲ့ရတယ်…။
အခါလွန်နောင်တနဲ့
ဒီဘဝမှာတော့ 
မဆုံးသေးတဲ့ တို့နှစ်ယောက် ဇာတ်လမ်း
ထပ်မလွမ်းချင်လို့ အဆုံးသတ်မည်…။
အမြဲတမ်းမှာ
မင်းရဲ့ အချစ်အကုန်လုံး
ငါဆုံးရှုံးခဲ့လို့……..
ငါဘဝရဲ့…………..
နောက်ဆုံးထွက်သက် အထိ
မင်းရဲ့ အမုန်းဘက်ကမ်းကပဲ
ရပ်နေပါတော့မယ်………..။        ။
        
ဇော်သက်ဦး
Comment #3
အမြဲတမ်းမှာ
မင်းရဲ့ အချစ်အကုန်လုံး
ငါဆုံးရှုံးခဲ့လို့……..
ငါဘဝရဲ့…………..
နောက်ဆုံးထွက်သက် အထိ
မင်းရဲ့ အမုန်းဘက်ကမ်းကပဲ
ရပ်နေပါတော့မယ်………..။
ကဗျာလေး ဖတ်လို့ကောင်းတရ်မောင်လေးရေ..ဒီအပိုဒ်လေးကြိုက်တရ်…
မင်းကိုဝေဖန်ချင်တာတောင်… ဘယ်လိုဝေဖန်ရမှန်းတောင်မသိတော့ဘူး..
ဖတ်သမျှ အကုန်ကောင်းနေလို့.. အားပေးတရ်နော်..မောင်လေး
 By: sandi at Jun 30, 2011
                        By: sandi at Jun 30, 2011
                    Comment #5
nice
i like so much.
 By: ei lay at Jul 31, 2011
                        By: ei lay at Jul 31, 2011
                    
 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 
Comment #1
ခံစားချက်တွေက အ၇မ်းထိတယ်ဗျာ
အားပေးနေပါတယ်။