Professional Authors

killer

နူးညံ့တဲ့ တေးသွားတစ်ခုနဲ့ ငါ့ကိုဆွဲဆောင်
သူ့မျက်နှာမှာ ရိုးသားခြင်းကိုတွေ့ရတယ်
(ဟန်ဆောင်ခြင်းလား ဝေခွဲမရခဲ့ဘူး)
သူ့ရှေ့ ငါဒူးထောက် ခ၀ါချမိ
ငါ့မာနတွေအတွက်ပေါ့
လိုလားတပ်မက်ခြင်းကြီးစွာနဲ့
ယူပါတော့လား ငါ့အသည်းတစ်စုံ
ပေးအပ်လို့ မော့ကြည့်လိုက်မှ
သွေးဆာနေတဲ့မျက်ဝန်းတစ်စုံကို ငါတွေ့လိုက်ရတယ်
(အနီတွေ ဖိတ်ဖိတ်ထလို့)
ကြောက်လန့်တကြီး လွှတ်ချပစ်လိုက်တော့
ငါ့အသည်းတစ်စုံ
ကြမ်းပြင်နဲ့မိတ်ဆက်
တကယ်ကို ကြမ်းပြင်မှာ
ကွဲသွားတဲ့ ငါ့အသည်းကြောင့်
သွေးချင်းချင်းနီရဲနေခဲ့တယ်….။

In: ကဗျာ Posted By: Date: Oct 11, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment