Professional Authors

ချစ်သူထံပေးစာ(2)

အိပ်ပျော်နေတဲ့နှလုံးသားလေး

သူ့အပြောလေးတွေအောက်မှာ

ကပြာကယာလူးလွန့်ရင်းနိုးထလာခဲ့တယ်….

သူရှုထုတ်လိုက်တဲ့အသက်ရှုသံလေးတွေကို

ဟိုးရင်ဘတ်အောက်ဆုံးမှာ

သိမ်းထားလိုက်တယ်………

လွမ်းရတဲ့အချိန်တွေကိုအားမရလိုက်တာ

24 နာရီတဲ့လားကွယ်……

နည်းလိုက်တဲ့အချိန်တွေကွာ…

အချစ်..အချစ်..အချစ်..တွေ

အက်ကြောင်းထပ်အောင်ငါပြောနေမှာ

ညိုညင်သွားရင်လဲမတက်နိုင်ဘူး…..

ငါ့ကိုချစ်လားမေးတိုင်းလဲ

အမြဲတမ်းပြန်ဖြေပေးပါနော်…

မသိတာမဟုတ်ပေမဲ့ငါကြားချင်လို့ပါ….

ဂျူးလိယက်ရဲ့အချစ်…ရုပ်ရှင်ရိုက်လို့ရတယ်…

ရှင်မွေးလွန်းရဲ့..အချစ်…စာဖွဲ့လို့ရတယ်..

ငါ့အချစ်တွေလား….

ရုပ်ရှင်လဲမရိုက်နဲ့….

စာတွေလဲမဖွဲ့နဲ့…

ဘယ်အရာကမှဖော်မပြနိုင်ဘူးးးးးး

 

In: ကဗျာ Posted By: Date: Jan 14, 2011
Comment #1

Hmmm!! attractive words!!

commentinfo By: ချမ်း at Jan 14, 2011
Comment #2

ရုပ်ရှင်ရိုက်တာတော့ ၀ါသနာမပါဘူး. ဖဲတော့ ရိုက်ချင်တယ်..
ကိုးမီးလား မူကြီးလား.. တွမ်တီးဝမ်းလား..ပိုကာလား.. ကြိုက်တာပြော
အဟီးဟီး

Comment #3

Dota စကားနဲ့ ပြောရရင်တော့
ကြမ်းတယ် ဟ

commentinfo By: ကိုဇင် at Feb 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment