Professional Authors

the rhyme of my mind

 

ကာရန်မဲ့နေတဲ့ ညနက်တွေထဲမှာ

တစ်ယောက်တည်း အထီးကျန်နေရင်း

လမ်းပျောက်နေတဲ့ ကြယ်တွေကိုရေတွက်မိတရ်

ညကိုပိုက်ထွေးထားတဲ့ ကောင်းကင်ကြီးကိုကြည့်မိတော့

သူကငါ့ကိုပြုံးပြတရ်

ပြီးတော့ ဘ၀ဆိုတာ နေပျော်ပါတရ် ဆိုတဲ့

ဒဿန တစ်စွန်းတစ်စ ပါတယ်လို့ထင်ရတဲ့

စကားတစ်ခွန်းကို ငါ့ကိုတိုးတိုးလေး ရေရွတ်ပြတရ်

ဟူး…………

သက်ပြင်းတစ်ချက်ရှိုက်မိတရ်

သန်းခေါင်ယံမှာ ပြိုဆင်းတော့မယ့် ကြယ်တွေလိုပဲ

ငါ့အတွေးတွေ ချည့်နဲ့နေတရ်

နင့်ကိုသတိရတရ်

လွမ်းတရ်လို့ရော ပြောလို့ရမလား

စိတ်တွေကိုထွက်ပေါက်ရှာမိတရ်

ညနက်ထဲကို တွေးဝှေ့လာတဲ့

လေပြည်ညင်းကို ငါငေးမောရင်း

သူ့ရင်ခုန်သံကို ငါကြားလိုက်မိတရ်

ကောင်းကင်ကြီးကို ပြန်မော့ကြည့်တရ်

ဟုတ်ပါတရ် ဘ၀ဟာနေပျော်တရ်

ငါ့ရင်ခုန်သံတိုင်းမှာ

နင့်ရယ်သံတွေ ပဲ့တင်ထပ်နေလို့ပေါ့ …

In: ကဗျာ Posted By: Date: Jun 4, 2011
Comment #1

mike de kwar,,
yae le mike de,

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment