Professional Authors

the third rhyme of my mind

ဘာတွေလဲ ငါမစဉ်းစားချင်တော့ဘူး

ရှင်းရှင်းပြောရင်တကယ်မခံစားနိုင်တော့ဘူး

တွေးနေတဲ့ စိတ်ကူးတွေထဲနင့်ပုံရိပ်တွေထင်ထင်လာတာ

နားထောင်တဲ့ သီချင်းတွေထဲ နင့်ရယ်သံလေး ပဲ့တင်ထပ်ထပ်နေတာ

အတိတ်ဆိုတဲ့ နေရာကိုဘယ်တော့မှ ပြန်မသွားနိုင်တော့ပေမယ့်လို့

တွေးကြည့်တော့ရနိုင်ကောင်းရဲ့

ဒါပေမယ့် နင်ပေးခဲ့တဲ့ အတိတ်ကနွေးထွေးမှုတွေက

ငါလွမ်းဆွတ်လာရင်

အခုလက်ရှိ အေးစက်မှုတွေက

နည်းနည်းတော့ ငါနေရခက်တယ်

ထွက်သက်ဝင်သက်တိုင်းကိုအခုတော့

သက်ပြင်းတွေနဲ့အဖော်ပြုမယ်

အရာရာကိုကြည့်တော့မှုန်ရီမှိုင်းလို့ပဲ

ချမ်းအေးနေတဲ့ရာသီဥတုရယ်

မျက်ရည်တွေဝေ့၀ဲနေတဲ့ မျက်ဝန်းတစ်စုံရယ်

အေးစက်နေတဲ့ နှလုံးခုန်သံရယ်

အတိတ်မှာမျောလွင့်နေတဲ့ငါ့စိတ်ကူးတွေရယ်

နှင်းစက်တွေကိုဖမ်းဆုပ်ထားရသလိုမျိုး

မရေရာလှတဲ့ ငါတို့ပတ်သက်မှုတွေ…………

အဲဒါတွေကို

ရင်ဆိုင်ဖို့ဆိုရင်လေ

ငါ့နှလုံးသွေးတွေရပ်တန့်သွားလိမ့်မယ်ထင်ရဲ့

In: ကဗျာ Posted By: Date: Jan 22, 2011
Comment #1

huh,,,,,,,,,
so nice.

commentinfo By: ei lay at Jan 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment