Professional Authors

“ ခို ”

ခုလို…တစ်နေ့လုံး ပူတဲ့ နေ့မျိုးတွေဆို……
ဟိုး….ခေါင်မိုးဖြူတွေရဲ့အောက်မှာ………..
တိတ်တိတ်ဆိတ်ဆိတ်…..
ရုတ်တရက်လန့်ပျံလောက်တဲ့….
အံ့သြမှုမျိုး……
သူတို့မှာ မရှိတာလါး ?
ကုန်ခမ်းသွားတာလါး ?
ဓါတ်ကြိုးတန်းတွေပေါ်မှာ..
ပေါလောမျောနေတဲ့ မျှော်လင့်ချက်ဆိုတာ…
ပြောင်းဖူးစေ့ တစ်စေ့……
ပေါက်ပေါက်စုတ် တစ်ထုပ်လါး……
လမ်းမတွေရဲ့ ဘယ်နေရာကို ကြည့်ကြည့်ပါ….
သူတို့နဲ့လွတ်တဲ့လမ်း ဟာ….
ရန်ကုန်မှာ မရှိဘူး………
ခို…………ရေ…
ဆာလောင်တဲ့ စိတ်တစ်ခုနဲ့သာ …
ငါ…
အိပ်မက်နေချင်…….
လမ်းမတွေပေါ်မှာ……….
နေတာချင်း တူရင်တောင်…….
ပြန်တာချင်း…မတူပါဘူး…
ဒဏ်ရာချင်း တူရင်တောင်…
ငါတို့….
ခံစားရပုံချင်း ကွဲလိမ့်မယ်……….
ခို…………….
ဓါတ်ကြိုးတန်းတွေပေါ်မှာ……..
ခို……………..
လမ်းမတွေ ပေါ်မှာ……………..
ငါလေ………..
……………………….
……………………….
ကျောက်သင်ပုန်းတွေကိုပဲ…….
……………………………
………..လွမ်းတယ်……………………….။   ။

ဇေယ်ာ္ဇယ်…


In: ကဗ်ာ Posted By: Date: Jun 1, 2011
Comment #1

တွေးစ၇ာလေးတွေနဲ့ စိတ်ကူးကောင်းပါတယ်။

commentinfo By: poem.poem28 at Jun 3, 2011
Comment #2

ကျေးဇူးပါပဲရှင် ဒီလိုကဗျာမျိုး ဖတ်ခွင့် ရလို့………

commentinfo By: nwenyeinaye at Aug 29, 2011
Comment #3

အားပေးသွားပါတယ်

Comment #4

ဓါတ်ကြိုးတန်းတွေပေါ်မှာ
ပေါလောမျောနေတဲ့ မျှော် လင့် ချက် ဆိုတာ
ပြောင်းဖူးစေ့ တစ်စေ့လား
ပေါက်ပေါက်ဆုပ် တစ်ထုပ်လား

commentinfo By: nwenyeinaye at Aug 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment