Professional Authors

အိပ်ပျက်ခဲ့တဲ့ ည

နှလုံးသားနဲ့ရင်းခဲ့ရတဲ့ချစ်သူဆီ
အနမ်းနဲ့ ဆက်သွယ်ရင်း
အလွမ်းတွေ ကျဲဖြန့်လိုက်မိတော့
ငါ မင်းကိုသတိရတယ် ချစ်သူ

အဲဒီညကပေါ့
လကွေးကွေးလေးကိုငေးကြည့်ရင်း
လရောင်မရတဲ့ ချောင်တစ်ချောင်ကို
လမိုက်ညလို့တောင် အပြစ်တင်မိတယ်။

သတိရစိတ်တွေကိုထမ်းပိုးရင်း
အပြစ်မရှိတဲ့ လရောင်ကိုအဖော်ပြု
အိပ်ပျက်ညလို့ ခေါင်းစဉ်တပ်
ငါ့ခြေလှမ်းတွေ
ခြေဦးတည့်ရာဆီရွှေ့လျားပြီး
လမ်းမတွေကို သိမ်းပိုက်လိုက်တယ်။

ငါနင်းခြေခဲ့တဲ့ လမ်းမတွေ
ငါချောဆွဲခဲ့တဲ့ လရောင်ကွေးကွေးလေး
သူတို့အကြည့်တွေမူမမှန်တော့ဘူး
လျှပ်တပြက်လှည့်အကြည့်မှာ
ငါ့ကို ကျောခိုင်းခဲ့ပြီ
ငါကြောက်စိတ်နဲ့ လန့်အော်မိတဲ့အခါ
တစ်ကိုယ်လုံးရွဲရွဲစိုတဲ့ ချွေးစက်တွေနဲ့
ငါလည်း ဒီတစ်ည ကိုယ်တိုင်အိပ်ရေးပျက်ခဲ့ရပါလား။

လွမ်းပိုင်ရှင်

In: ကဗျာ Posted By: Date: May 13, 2012
Comment #1

wow,,,
so nice,,,
myat lone hte hmar taung myin yaung lar de,,
kou ko tine 1 ke phyit twar ta lo myo khan sar ya de.
a yan mike de.

commentinfo By: ei lay at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment