Professional Authors

ခရမ်းပြာဝိုင် (၉)‎

ခရမ်းပြာဝိုင် (၉)‎

တကယ်ဝေးပြီလား၊‎
ကြယ်ကလေးတွေလဲ မြေမှာကြွေ။‎

‎ဟန်ဆောင်ကာ မျှော်အကြည့်၊‎
အော် … ရှိပါစေ။‎

နှောင်းမြေ့မြေ့ ခက်ဝေဝေ၊‎
မျက်ရည်တွေ သူမတွေ့။‎

နေ့ညကြာ၊‎
မတွေ့ရတာ တာရှည်ပြီပဲ၊‎
ဗျာပွေချီ မြူငွေ့ရီတိုင်း၊‎
အပူဝေ့သီ ရင်မှာကြွယ်လို့၊‎
သူမေ့ပြီ ထင်ပါတယ်လေ၊‎
ကဗျာသယ်(သည်) နှင်ရာလမ်းကို၊‎
တခါကွယ် မြင်လာစမ်းပါလှည့်၊‎
လွမ်းကာရန် မပီမသအတွေးကို၊‎
ပန်းပမာဟန် သီလျပေးမယ်နော့၊‎
ညီမလေး ခရမ်းပြာရေ၊‎
လွမ်းတာရှည်မမေ့။ ။‎

ကဲ … အိမ ပူဆာလွန်းလို့ ရေးလိုက်ပြီ …

နောက်ထပ်လာဦးမယ် … မဖတ်လို့ကတော့ အသိပဲ …

In: ကဗျာ Posted By: Date: Jul 29, 2009  
Comment #1

မဖတ်လို့ကတော့ အသိပဲ..တဲ့. …မီးလဲဖတ်တယ်နော် (ကြောက်လို့ )

commentinfo By: laypyay at May 24, 2010
Comment #2

အဲဗျ … အဲဒါက အိမကို ပြောတာလေ … လေပြေ့ကို မပြောပါဘူး … ;D
ဘာပဲဖြစ်ဖြစ် ဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ် …

commentinfo By: harry at May 24, 2010
Comment #3

ကဗျာတွေက အရမ်းကောင်းတယ်
အားပေးနေပါတယ်..

commentinfo By: Second Two at May 29, 2010
Comment #4

ဟုတ်ကဲ့ … ကျေးဇူးပါဗျာ

commentinfo By: harry at May 29, 2010
Comment #5

ခရမ်းပြာဝိုင်တွေက..ကိုရီးယားဇတ်လမ်းတွဲတွေလိုပဲနော်…မျှော်တလင့်လင့်နဲ့..စောင့်ဖတ်ရတာ..
စိတ်ဝင်စားဖို့ကောင်းတယ်..

commentinfo By:ူလေပြေ at May 30, 2010
Comment #6

ဟောဗျ … လေပြေ ပြောမှပဲ ကိုရီးယားဇာတ်လမ်းတွဲ ဖြစ်သွားပြီ … 😀

commentinfo By: harry at May 31, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment