Professional Authors

ရီးစားပူ (၅)

 

တောင်ပေါ်မှာနှင်း

တောင်အောက်မှာနှင်း

နှင်းတောထဲမှာ

မောင် မပါ

မယ့်မှာ  ချမ်းလို့  တုန်ရသတော့်။

 

ရွာစွန် ပန်းခင်း

တောင်ယာခင်း

အခင်း စုံစွာ

မောင် မလာ

မယ့်မှာ  လွမ်းဖို့  ကြုံရသတော့်။

 

ထင်းခွေ သွားရင်း

ရေချိုး ဆင်း

တောတွင်း လည်ရာ

မောင် မပါ

မယ်မှာ့ စိုးထိပ် မွှန်ရသတော့်။

 

ညထဲမှာလ

ကြယ်တွဲလှ

တိမ်စ မျှမျှင်

မောင် နှင့်ယှဉ်

မြင်ချင်လွန်းတာ  လွန်ပါရောတော့်။

 

တောင်ထွတ်သစ်ပင်

စိတ် မျှော်စင်

ဝန်းကျင် ရှစ်ထောင့်

စိတ်ကင်းစောင့်

စိုးနှောင့်  ပူလောင်

အရိပ် မောင်

ဟိုတောင်ထင်နိုး

တော မြင်နိုး

မြင်နိုး ထင်နိုး

ငံ့လင့် ညှိုး

ဝိုးတ၀ါးပင်

ရိပ်မမြင်

သည်တွင်  သောက

ရန်စွယ် ခွ

ရင်ဝ နာနာ စွပြီမောင်ရေ့။

 

In: ကဗျာ,မောင်သစ်မင်း Posted By: Date: Dec 30, 2011
Comment #1

he,,he,,,
really really nice.
so cute.

commentinfo By: ei lay at Dec 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment