Professional Authors

နွံထဲကနွံ

လမ်းပြပေးပါ လမင်းလေးရယ်

ဆူးခင်းထားတဲ့ လမ်းတွေအတွက်

ငါ့ခြေဖဝါးတွေ မမာနိုင်တော့ဘူး

ငါလျှောက်တဲ့ လမ်းတွေဟာ

သံယောဇဉ်တွေ သနားညှာတာမှုတွေ

မှောင်မိုက်နေလည်း

ကိုယ်ကျင့်တရားကို အမှီပြုမယ်လို့

ငါဆုံးဖြတ်ခဲ့တယ်….

ဒါပေမဲ့

ဆာလောင်ခြင်းဆိုတဲ့ မိသားစုသမုဒ္ဒရာအတွက်

ငါ့ကိုယ်ကျင့်တရားတွေကို ငါသစ္စာဖောက်ခဲ့ရတယ်

ဘာကိုမှမျှော်လင့်စရာမရှိတဲ့ အခြေနေမှာ

ဆင်းရဲခြင်းက အရာရာကို

ဖိတ်ခေါ်ခဲ့တယ်…

ငါ့မိသားစု မျက်နှာမငယ်ရဖို့…

ငါ့မိသားစုကို    လုပ်ကျွေးဖို့…

ငါ့မိသားစုလူတန်းစေ့နေရဖို့…

ငါလျှောက်တဲ့လမ်းတွေ ဦးလှည့်လိုက်တယ်

အခုတော့ငါဟာ…

ရာဇဝတ်နွံအိုင်ကြီးထဲ

တဖြည်းဖြည်းမြုပ်လို့…

 

                                         ပြာရည်

In: ကဗျာ Posted By: Date: May 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment