Professional Authors

“ဧည့်သည် …”

ခဏတဖြုတ် သူရောက်လာတယ် …
ဖိတ်ခေါ်ထားပေမဲ့ …
သူ …
ပြန်ထွက်သွားချိန်ကျ တားဆီးလို့ မရဘူး …
ဖိတ်ခေါ်ထားပေမဲ့ …
သူလာမယ့် ခြေလှမ်းတွေ ကိုယ်မပိုင်ဘူး …
သူ့အပေါ်မှာပဲ မူတည်တယ် …။…

ခဏတဖြုတ်ပါပဲ …
ဖိတ်ခေါ်ထားလို့ သူရှိနေတဲ့အချိန်
ပျော်တယ် …
အသက်ရှုသံတိုင်းက ပြုံးရွှင်တယ် …
ရင်ခုန်သံတိုင်းက အရာရာကို ကျေနပ်တယ် …
………………………
……………….
ခဏတဖြုတ်လား ….
နောက်ကျောမလုံဘူး …
ကိုယ့်ကိုကိုယ်လည်း မယုံဘူး …
သူ့ကို အချိန်ကြာကြီးဖက်တွယ်နိုင်မှာလား …
ဒီလက်တွေက သူ့ကို ဆုပ်ကိုင်ထားဖို့
ခိုင်မြဲရဲ့လား …
သူက ဧည့်သည်ပါ …
ဒါကို သူနဲ့အတူရှိတဲ့အချိန် ထာဝရဆိုတဲ့ ဝါကျကို
ကိုယ့် ဘာသာစကားနဲ့ …
ကိုယ့်ဘဝမှာ ရှင်သန်လာအောင်
အသက်သွင်းပေးချင်တယ် …
…………………………..
သူ …
ထွက်သွားခဲ့ပါပြီ …
ငါသုံးတဲ့ ဧည့်သည် …ဆိုတဲ့
နာမ်စား …က …
တကယ်တော့ အာဏာတွေ …
စည်းစိမ်းတွေပါ …
အခုတော့ ကောက်ရိုးမီးလို ငြိမ်းအေးသွားကြပြီ …
တခဏသာ တောက်လောင်လိုက်ကြတာ …
ဟုန်းဟုန်းကို မြည်လို့ …
အားမာန်အပြည့်နဲ့ လောင်ကျွမ်းခြင်းတွေက
ငါ့ရှေ့လေးတင် အချိန်တစ်ခုမှာ …
တစ်ခုတက်တစ်ခုတိုး ချီတက်သွားလိုက်ကြတာ …
အခုတောင် …
နားထဲမှာ မြင်းခွာသံလိုလိုတောင် အာရုံစွဲနေသေး …

ငါ့မျက်ရည်တွေ …
အားလုံး …
အချိန်ကာလတစ်ခုနဲ့ အတူ
လိုက်ပါသွားကြပြီ …
မျက်ရည်တောင် ကျစရာမရှိတဲ့ …
ငါ့ညတွေမှာ …
ငါ ကြေညက်နေတဲ့ တွက်နေကျ
အရိုးစင်းဆုံး
ဒသနလေးက …
“မွေးကတည်းက ငါဟာ တစ်ယောက်တည်း …
သေသွားတော့လဲ တစ်ယောက်တည်းပဲ …
ဘာမဆို မတည်မြဲဘူး …
မတည်မြဲခြင်းထဲမှာမှ ကိုယ်ကျိုးနည်း အဖြစ် …
ပေးဆပ်ရတာနဲ့ မတန်အောင် …
ရလိုက်တဲ့ အာဏာစည်းစိမ်တွေက မမြဲပါလား …
ငါ့ တဘဝလုံး …
အာဏာစည်းစိမ်တွေနောက်လိုက်နေတဲ့အချိန်တွေကို
နှမြောဆုံးပဲ …
ပြန်ရနိုင်မလား …
ပြန်မရနိုင်မလား …
ပြန်သာရနိုင်မယ်ဆိုရင် …
အဲဒီအချိန်တွေမှာ ရယ်ချင်လို့ …
အဲဒီအချိန်တွေမှာ အေးအေးချမ်းချမ်းလေး
ကိုယ့်အတွေးအခေါ်နဲ့ ကိုယ်အိပ်ချင်လို့ …
ပေါ့ပေါ့ပါးပါးလေး ပြုံးချင်လို့ …
ပြန်ရနိုင်မလား …
ပြန်မရနိုင်မလား …
ကုန်လွန်သွားတာ အားလုံးပြန်မရနိုင်တော့ဘူး …”

ပြန်မရနိုင်တော့ဘူး …
ပြန်မရနိုင်တော့ဘူး …
ပြန်မရနိုင်တော့ဘူး …

အခုငါ ကဗျာရေးနေတာလည်း ခဏပဲ …
ဧည့်သည်လိုပဲ သူ့နေရင်းဆီပြန်သွားမှာ …
ခဏပဲ …
ငါဆုပ်ကိုင်ထားတဲ့ အရာအားလုံး …
အားလုံး …
အားလုံး …
အားလုံး …

ဟူးးးးး…..
ငါ့သက်ပြင်းလည်း ခဏပါပဲ …။ ….
ငါ့သက်ပြင်းလည်း တကယ်တော့ …
ငါ့နှုတ်ခမ်းရဲ့ ဧည့်သည်ပါပဲ …။။..။။။

In: ကဗျာ Posted By: Date: May 26, 2010
Comment #1

ကောင်းတယ်.

commentinfo By: Poht at May 27, 2010
Comment #2

very nice

commentinfo By: khun.k at May 27, 2010
Comment #3

ei lay dot ta yar ya twar p naw..
thz

commentinfo By: ei lay at Jan 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment