Professional Authors

ဠင်းတအတွေး

ဠင်းတအတွေး

အလင်းတွေ တဖြည်းဖြည်း ကျယ်လာလေ မျက်လုံးတွေ ပိုပိုကျဉ်းသွားလေပဲ
ထူးဆန်းနေတာ ထူးဆန်းနေတာပေါ့ အခုတလော နင်နဲ့မတွေ့ဖြစ်တာကိုပျော်နေတယ်
ငါမရှိရင် နင်အဆင်ပြေတယ်ဆိုတာ လက်ခံနိုင်လိုက်ပြီလေ…။
အော်သံတွေ ဒီရင်ဘတ်ထဲက ဆာလောင်သံတွေ အပြင်ကိုမရောက်ဖြစ်တော့ဘူး
ပြုံးနေမိတာ ပြုံးနေမိတာပေါ့ နေ့ရက်တွေကိုမီးလောင်တိုက်သွင်းရင်းနဲ့ပဲ
ငါမရှိလည်း နင်ပျော်နေနိုင်တယ်ဆိုတာ သိလိုက်ပြီလေ…။
ဒီလိုနဲ့ပဲ ကြောင်တောင်တောင်ဖြစ်ခြင်းတွေကို ဆက်ဖြစ်နေမိတယ်
ဒါကလည်းထုံးစံပါ ထုံးစံအတိုင်းပေါ့ေ၀၀ါးခြင်းက ငါ့ကိုလိုအပ်နေတယ်
ငါမရှိခြင်းက နင့်ကိုသက်သာရာဖြစ်ပါစေလေ…။

မြေနံ့

In: ကဗျာ Posted By: Date: Jul 17, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment