Professional Authors

နွံထဲက လူငယ်

ဘလန်းနဲ့  တဲအို
ဂျိုကာနဲ့ ဆေးလိပ်
သစ်ရွတ်ခြောက်နဲ့  ဂစ်တာ
ရာစုနှစ်ထဲမှာ လူငယ်တယောက် ငိုက်မြည်းနေတယ်
အလွမ်းကို ဖော်ကျူးလို့  ခံစားချက်ကို အရောင်တင်

အတ္တနဲ့ မာနက ကပ်ငြိလို့  အတွေးက ရေစိုတဲ့မီးလို
ငြိမ်သက်လိုက် လူးလွန့် လိုက်နဲ့  ကမ္ဘာကြီးက
သူ့ အလုပ်သူလုပ်တယ်…။

ဖယောင်းရုပ်ပြုလုပ်လို့  ဂုဏ်ပြုစရာလိုအောင်
ငါ ဆိုတာ ဘာမှမဟုတ်ပေမဲ့
ငါဟာ ဒီ ကမ္ဘာမှာ နေထိုင်သွားတယ် ဆိုတာ အမှန်အကန်ပဲ
မိုးနည်းရပ်ဝန်းမှာမှ ငါက အပင်စိုက်ချင်ခဲ့တာကို………
In: ကဗျာ Posted By: Date: Jan 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment