Professional Authors

ကွန်ဆာဗေးတစ်ငါ(မင်းလူန)

အခွံထူထူနဲ့ 
ငါ့ ကိုယ်ငါဖုံးပိတ်လိုက်တော့ 
နေ့ ဟောင်းတွေကို
ရိုက်ချိုးဖို့ 
ရာဇ၀င်သစ်သစ်ကလေးချရေးမိတယ်
နာမည်အသစ်ရယ်
နိုင်ငံသားကက်အသစ်ရယ်
ရပ်ကွက်အသစ်ရယ်
အသိမိတ်ဆွေအသစ်ရယ်
ရာစုသစ်ရယ်
နည်းပညာသစ်ရယ်
လူမှု့ ဆက်ဆံရေးနယ်ပယ်သစ်ရယ်
ဝင်ငွေအသစ်ရယ်
အသစ်
အသစ်
အသစ်ရယ်
ပြင်ဆင်မှု့ အသစ်တွေ
တည်ဆောက်ပြီးမှ
ငါ့ ကိုယ်ငါသတိပြုမိတာ
နှလုံးသားကအဟောင်းနဲ့ မို့ 
မင်းအတွက်
ငါကမနေ့ ကအတိုင်း
ဒီနေ့ နဲ့ ဒီနေ့ အတိုင်း
မနက်ဖြန်ပါပဲ………

               မင်းလူန

In: ကဗျာ Posted By: Date: Jul 22, 2010
Comment #1

ငါ့ ကိုယ်ငါသတိပြုမိတာ
နှလုံးသားကအဟောင်းနဲ့ မို့ 
မင်းအတွက်
ငါကမနေ့ ကအတိုင်း
ဒီနေ့ နဲ့ ဒီနေ့ အတိုင်း
မနက်ဖြန်ပါပဲ………

commentinfo By: အသဲကွဲ မိုး at Oct 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment