Professional Authors

ဝေဒနာ အမှတ် ( ၃ ) ( လူမော်ငြိမ်း )

နွေရာသီထက် ငါ့စိတ်က ပိုပူ ပိုအိုက်တယ် ။

လက်ကြားက အနက်ရောင် မကောင်းဆိုးဝါး …
ဟုတ်တယ် … အဲဒါ သေမင်းနံ့ နဲ့ ကင်ဆာပဲ
ရှုလိုက်ရင် ရင်နာတော့ သက်သာတယ် ။

ပြတ်ပါတော့ကွယ် … လောကနဲ့ အဆက်အသွယ်
ခံစားချက်တွေက ထိုင်မရ ထမရနဲ့ … ရှက်စရာ
စိတ်ဓာတ်တွေကလည်း မညီမညာ ဖြစ်နေရတယ် ။

တစ်ချိန်က ငါဆိုတာ ငြိမ်းချမ်းသင်းမြ*တဲ့ သုညပါ
နင့်ကြောင့် တစ်ထက်မက ဖြစ်ခဲ့ ပျက်ခဲ့ရတယ်
ချစ်နိုင်စွမ်းထက် ပိုလို့ ချစ်ခဲ့ နစ်ခဲ့ရတဲ့ ဘဝပါ့ ။

( နင်ကိုယ်နင် ဘာထင်နေတာလည်းလို့ မေးရင်
ငါ့ကိုယ်ငါ ရှာဖွေလို့ မရအောင် ပျောက်ရှ … )

အခုတော့ ငါပြုသော ကံတွေက ငါ့ထံ ပြန်မလာဘဲ
ဟုန်းဟုန်းတောက်နေတဲ့ ဝမ်းနည်း အားငယ်မှုတွေနဲ့
သုည ဘဝ မှာတောင် တစ်ခြမ်းပဲ့ ဖြစ်နေရတယ် ။

အမှတ်တရတွေ အားလုံးက မီးထဲ ရေထဲမှာ …
မှန်တာပြော သစ္စာ … နင့်ကို ငါ ( လုံးဝ ) စိတ်နာတယ် ။

ငြိမ်းချမ်းသင်းမြ* = တာရာမင်းဝေ၏ စာသံပေသံပါတဲ့ ဝတ္တုမှ အသုံးအနှုန်း ။

Friday , April 15 , 2011
လူမော်ငြိမ်း

In: ကဗျာ Posted By: Date: Apr 30, 2011
Comment #1

ကျွန်တော်ရေးခဲ့တဲ့
ဝေဒနာတွေထဲက နောက်ဆုံးပါ ။
ရင့်ကျက်မှုတွေကို အချိန်က
သင်ပေးသွားလိမ့်မယ်လို့ ထင်ပါတယ် ။
အားလုံးပဲ ပျော်ရွှင်နိုင်ပါစေ ။

Comment #2

မှန်တာပြော သစ္စာ … နင့်ကို ငါ ( လုံးဝ ) စိတ်နာတယ် ။
ကိုလူမော်ငြိမ်းရဲ့နောက်ဆုံး ဝေဒနာလေးပေါ့.. အားပေးသွားပါတယ်.. 😀

commentinfo By: ရွှေငါး at Apr 30, 2011
Comment #3

ဟုတ်ကဲ့ပါ ။

Comment #4

အရမ်းကို တိုက်ဆိုင်ပါတယ်ဗျာ………

commentinfo By: laminpaing at Apr 30, 2011
Comment #5

ကိုလူမော်ငြိမ်းေ၇ ဝေဒနာတွေ ၇ဲ့ အဆုံးဆိုတော့ ကြား၇တာ ၀မ်းသာတယ်

အမှတ်တရတွေ အားလုံးက မီးထဲ ရေထဲမှာ …
မှန်တာပြော သစ္စာ … နင့်ကို ငါ ( လုံးဝ ) စိတ်နာတယ် ။

ကျနော်လဲ ဒီစကားကို အားရပါး၇ ပြောပစ်ချင်နေတာ။

commentinfo By: မယ်မနော at May 1, 2011
Comment #6

ကျွန်တော်လည်း
ဒီလိုပဲ … တိုက်ဆိုင်စေချင် …
ပြီးတော့ … ပြောချင်တာတွေကို
စိတ်ရှိသရွေ့ … ပြောဖြစ်စေချင်တာပါ ။

Comment #7

နွေရာသီထက် ငါ့စိတ်က ပိုပူ ပိုအိုက်တယ် ။

လက်ကြားက အနက်ရောင် မကောင်းဆိုးဝါး …
ဟုတ်တယ် … အဲဒါ သေမင်းနံ့ နဲ့ ကင်ဆာပဲ
ရှုလိုက်ရင် ရင်နာတော့ သက်သာတယ် ။

မှန်တာပြော သစ္စာ … နင့်ကို ငါ ( လုံးဝ ) စိတ်နာတယ် ။

ဗဲရီးးးး ဂွတ်စ် ကြီးပဲ .. .။

commentinfo By: nanpyisoke at May 5, 2011
Comment #8

nanpyisoke လည်း
ကျွန်တော်လို
ကင်ဆာတွေကို
ရှိုက်နေကြ ထင်ပါရဲ့ဗျာ … ။

( ခံစားချက်ချင်း တူလို့
ဝမ်းသာပါတယ် )

Comment #9

တစ်ချိန်က ငါဆိုတာ ငြိမ်းချမ်းသင်းမြ*တဲ့ သုညပါ
နင့်ကြောင့် တစ်ထက်မက ဖြစ်ခဲ့ ပျက်ခဲ့ရတယ်
ချစ်နိုင်စွမ်းထက် ပိုလို့ ချစ်ခဲ့ နစ်ခဲ့ရတဲ့ ဘဝပါ့ ။

( နင်ကိုယ်နင် ဘာထင်နေတာလည်းလို့ မေးရင်
ငါ့ကိုယ်ငါ ရှာဖွေလို့ မရအောင် ပျောက်ရှ … )
ကိုလူမော် အားကျ နှစ်သက်လျှက်…အားပေးနေဆဲ

commentinfo By: အသဲကွဲမိုး at Aug 2, 2011
Comment #10

ကောင်းလိုက်တာ။ မိုက်တယ် ကိုလူမော်ငြိမ်း

commentinfo By: ပန်း at Jul 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment