Professional Authors

အနားသတ် – နရီထက်

ထောင့်ချိုး မညီတဲ့
ဂျီသြမေရီ ပုံပြင်တွေက
အဆင်မပြေခဲ့တာ များပါတယ်

သဘာဝကျမကျတော့ မသိဘူး
ဂရိပညာရှင်တွေက
ယုတ္တိဆန်ဆန် ဆွဲဆန့်ထုတ်ခဲ့ကြတယ်
ခေါက်ရိုးတွေ ကျိုးနေအောင်…

တကယ့်လက်တွေ့မှာတော့
စိတ်ထဲကနေပဲ လိုသလို
အသုံးချခဲ့တာ များပါတယ်

ပြိုင်မျဉ်းနှစ်ကြောင်း
ဖြတ်မျဉ်းဖြတ်ဖို့
ဆုံမှတ် တစ်ခုတည်းတော့
မလုံလောက်ဘူး
နှစ်ခုလောက်တော့ အသားကျတယ်

အဆုံးသတ်ချင်ပေမဲ့
နှုတ်မဆက်ဖြစ်ခဲ့တာက ပုစ္ဆာတွေ…
အနားသတ်ကြည့်လိုက်တော့
နောက်ဆုံးလက်ကျန်တွေက
နေ့စဉ် ဘ၀တွေပါ…။     ။

နရီထက်
( ၂၈ ၊ ဧပြီလ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Apr 28, 2011
Comment #1

(အဆုံးသတ်ချင်ပေမဲ့
နှုတ်မဆက်ဖြစ်ခဲ့တာက ပုစ္ဆာတွေ…
အနားသတ်ကြည့်လိုက်တော့
နောက်ဆုံးလက်ကျန်တွေက
နေ့စဉ် ဘ၀တွေပါ…။ ။)
အဲ့အပိုဒ်လေးကိုကိုကြိုက်တယ်အကိုကြီး
အားပေးသွားတယ်နော်……..

commentinfo By: myintmo at Apr 28, 2011
Comment #2

ကျေးဇူးပါ… ညီမလေး

commentinfo By: nayihtet at Apr 28, 2011
Comment #3

ထောင့်ချိုး မညီတဲ့
ဂျီသြမေရီ ပုံပြင်တွေက
အဆင်မပြေခဲ့တာ များပါတယ်

သဘာဝကျမကျတော့ မသိဘူး
ဂရိပညာရှင်တွေက
ယုတ္တိဆန်ဆန် ဆွဲဆန့်ထုတ်ခဲ့ကြတယ်
ခေါက်ရိုးတွေ ကျိုးနေအောင်…

တကယ့်လက်တွေ့မှာတော့
စိတ်ထဲကနေပဲ လိုသလို
အသုံးချခဲ့တာ များပါတယ်

ပြိုင်မျဉ်းနှစ်ကြောင်း
ဖြတ်မျဉ်းဖြတ်ဖို့
ဆုံမှတ် တစ်ခုတည်းတော့
မလုံလောက်ဘူး
နှစ်ခုလောက်တော့ အသားကျတယ်

အဆုံးသတ်ချင်ပေမဲ့
နှုတ်မဆက်ဖြစ်ခဲ့တာက ပုစ္ဆာတွေ…
အနားသတ်ကြည့်လိုက်တော့
နောက်ဆုံးလက်ကျန်တွေက
နေ့စဉ် ဘ၀တွေပါ…။ ။

Comment #4

အကြိုက်ဆုံး စာသားတွေ ရွေးချယ်ပေးတဲ့အတွက်… ကျေးဇူးပါ… ညီ

commentinfo By: Nayihtet at Jun 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment