Professional Authors

လမ်းခွဲခြင်း

ခွဲခွာခြင်းဆိုတာဘာလဲ???

ရထားနဲ့သံလမ်းလွဲသလိုမျိုးလား

အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းခွဲသလိုလား

ခွဲတယ်ဆိုမှတော့ ကွဲတော့မှာပေါ့

ဒါပေမယ့် ငါမရည်ရွယ်ခဲ့ဘူး…

 

စကားအပြောမတတ်တဲ့ငါက

ကဗျာတွေကိုစာစီနေခဲ့တယ်

လက်နဲ့ရေးရတဲ့အတွက်

သွားနဲ့လျှာတိုက်ဖို့ မပူရတော့ဘူး…

 

စိတ်နာတယ်ဆိုတဲ့အကြည့်နဲ့

ငါ့အာရုံတွေကို မငြိစွန်းချင်ဘူး

မင်းမျက်ရည်တွေအတွက်

ငါ့ပါးပြင်ကို အသင့်ပြင်ထားတယ်

မင်းရဲ့လက်ချောင်းတွေနာကျင်တဲ့အထိ…

 

နှလုံးသားနဲ့ရင်းခဲ့တဲ့လူတွေအတွက်

အချစ်ကို စမ်းစစ်နေစရာမလိုဘူး

ပရမ်းပတာဖြစ်တဲ့ နှလုံးသားအတွက်

အပြုံးစကားက ခဏတော့ သာယာပါတယ်…

 

လေတွေနမ်းတဲ့ ငါ့နှုတ်ခမ်းကလဲ

မိုးမလာတဲ့ မြေပြင်တွေလို

အက်ကြောင်းတွေထပ်လို့

အဟာရပြတ်ခဲ့ရပြီ…

 

ငါ့တို့တွေ ဆုံတွေတဲ့အခိုက်မှာ

နှုတ်ခမ်းပြာပြာလေးနဲ့

အနမ်းတခါပေးခဲ့တယ်

မရှိနိုင်တော့တဲ့ မနက်ဖြန်အတွက်

အချစ်တွေကို ပလပ်စတစ်လောင်းလို့သိမ်းခဲ့တယ်…

 

နောက်ဆုံးထွက်သက်အထိ မမေ့ရအောင်

တနေ့တာ အမှတ်တရကို

တသက်တာ အမှတ်ရချင်လို့

နောက်ဆုံး တောင်းဆိုခြင်းအနေနဲ့

တရက်လောက်တော့ တွေ့ခွင့်ပေးပါ….

In: ကဗျာ Posted By: Date: Aug 23, 2011
Comment #1

ဲဘဲရီးဂွတ်တယ်ဗျာ

commentinfo By: yelaylover2010 at Aug 23, 2011
Comment #2

နှလုံးသားနဲ့ရင်းခဲ့တဲ့လူတွေအတွက်

အချစ်ကို စမ်းစစ်နေစရာမလိုဘူး

ပရမ်းပတာဖြစ်တဲ့ နှလုံးသားအတွက်

အပြုံးစကားက ခဏတော့ သာယာပါတယ်…
ကြိုက်တယ်ဗျ။အားသားလေးမိုက်တယ်အားပေးသွားပါတယ်ဗျာ။

commentinfo By: poem.poem28 at Aug 23, 2011
Comment #3

ကောင်းတယ်ဗျာ

Comment #4

😛

commentinfo By: ei lay at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment