ငါ လမ်းခွဲပေးပါတယ်….။ ။
နှုတ်ဆက်ဖို့လိုလာရင်ပြောလေ
သည်းသည်းလှုပ်အောင်
ချစ်ခဲ့ပေမယ့်……
ထားခဲ့ လှည့်ထွက်ဖို့လည်း ငါ ၀န်မလေးပါဘူး…။
အချစ်တွေ သစ္စာမစောင့်တော့ရင်…
နောက်တစ်ယောက်နဲ့ပဲ နင်ရှေ့ဆက်ပေါ့
တွေတွေဝေေ၀နဲ့
ဘာကြောင့် နင့်ကို နင် နှိပ်စက်
ရင်ခုန်ခြင်းသိပ်မရှိဘဲ
အချိန်တွေ ဆွဲနေချင်သေးတာလဲ……?
သံယောဇဉ် ဟုတ်လား
သွားစမ်းပါ
တစိမ်းနှစ်ယောက်ရဲ့ မေတ္တာဇာတ်လမ်းမှာ
နင်ကြင်မှ ငါကြင်မှာပေါ့…..
ငါအမှားမရှိလို့ နင်ထားရစ်လည်း
ပြန်လာဖို့တော့ ၀ပ်တွားမခယနေဘူး
“တန်ရာ တန်ရာ” ဆိုတဲ့ စကားလည်း ငါကြားဖူးထားတယ်လေ…..။
အစွမ်းကုန်ချစ်တာပေါ့
ရူးလောက်အောင်လည်းလွမ်းရတာပေါ့
ဒါပေမယ့် ထပ်တူမကျခဲ့ရင်
တစ်ယောက်တည်းခံစားရခြင်းက
အနာဂတ်အတွက် ဘယ်လို အထောက်အကူပြုလို့လဲ…..။
ရတယ်
ကာလတွေအလီလီနဲ့ အဲအမှတ်တရတွေကို ငါမငဲ့ဘူး….
အသစ်တွေ့သူကို အချစ်ပေးဖို့ ၀ါသနာမပါတဲ့ငါ….
နင့်လိုလူအတွက် ကျေကျေနပ်နပ် အဖြေရှိတယ်….။ ။
နင့်တစ်ယောက်တည်းချစ်ခဲ့
နင့်အတွက်ပဲ ပေးဆပ်ခဲ့တဲ့
မိန်းမတစ်ယောက်ကို စွန့်လွတ်ဖို့ နင်သတ္တိရှိခဲ့ရင်
ဝမ်းမြောက်စွာနဲ့ ငါ လမ်းခွဲပေးပါတယ်….
နင် နောင်ခါကျတဲ့မျက်ရည်
နောင်တနဲ့တော့ ရောမနေပါစေနဲ့ပေါ့ဟာ……….။ ။
Comment #2
တစ်ခါတစ်လေမှာ အဲ့ဒီလို ရက်ရက်စက်စက် ပြောထွက်ဖို့လိုတယ်
အင်းပေါ့လေ
ပြောထွက်တဲ့လူက ပြောလို့
ပြောမထွက်တဲ့လူတွေကတော့
ပြောထွက်တဲ့လူကို လက်ခုပ်တီးပေးဖို့
ဝင်မနှေးပါဘူးးးးးးးးးးးးးးးး
တစ်ခွန်းပဲ………..ပြောထွက်လိုက်တာ……….. ( မာမီတွေပြောတဲ့လေသံဖြင့်)
By: nate thit at May 3, 2011
Comment #4
နင့်တစ်ယောက်တည်းချစ်ခဲ့
နင့်အတွက်ပဲ ပေးဆပ်ခဲ့တဲ့
မိန်းမတစ်ယောက်ကို စွန့်လွတ်ဖို့ နင်သတ္တိရှိခဲ့ရင်
ဝမ်းမြောက်စွာနဲ့ ငါ လမ်းခွဲပေးပါတယ်….
နင် နောင်ခါကျတဲ့မျက်ရည်
နောင်တနဲ့တော့ ရောမနေပါစေနဲ့ပေါ့ဟာ……….။
မိန်းကလေးတွေဘက်က
အပြတ်အသက်ကိုထောက်ခံပါတယ်ရှင်
By: Flora White at May 3, 2011
Comment #6
နှုတ်ဆက်ဖို့လိုလာရင်
သည်းသည်းလှုပ်အောင်ချစ်ခဲ့ပေမယ့်……
ထားခဲ့ လှည့်ထွက်ဖို့လည်း ငါ ၀န်မလေးပါဘူး…။
သံယောဇဉ် ဟုတ်လား
သွားစမ်းပါ
တစိမ်းနှစ်ယောက်ရဲ့ မေတ္တာဇာတ်လမ်းမှာ
နင်ကြင်မှ ငါကြင်မှာပေါ့…..
ငါအမှားမရှိလို့ နင်ထားရစ်လည်း
ပြန်လာဖို့တော့ ၀ပ်တွားမခယနေဘူး
“တန်ရာ တန်ရာ” ဆိုတဲ့ စကားလည်း ငါကြားဖူးထားတယ်လေ…..
အစွမ်းကုန်ချစ်တာပေါ့
ရူးလောက်အောင်လည်းလွမ်းရတာပေါ့
ဒါပေမယ့် ထပ်တူမကျခဲ့ရင်
တစ်ယောက်တည်းခံစားရခြင်းက
အနာဂတ်အတွက် ဘယ်လို အထောက်အကူပြုလို့လဲ…..။
ရတယ်
ကာလတွေအလီလီနဲ့ အဲအမှတ်တရတွေကို ငါမငဲ့ဘူး….
အသစ်တွေ့သူကို အချစ်ပေးဖို့ ၀ါသနာမပါတဲ့ငါ….
နင့်လိုလူအတွက် ကျေကျေနပ်နပ် အဖြေရှိတယ်….။ ။
နင့်တစ်ယောက်တည်းချစ်ခဲ့
နင့်အတွက်ပဲ ပေးဆပ်ခဲ့တဲ့
မိန်းမတစ်ယောက်ကို စွန့်လွတ်ဖို့ နင်သတ္တိရှိခဲ့ရင်
ဝမ်းမြောက်စွာနဲ့ ငါ လမ်းခွဲပေးပါတယ်….
နင် နောင်ခါကျတဲ့မျက်ရည်
နောင်တနဲ့တော့ ရောမနေပါစေနဲ့ပေါ့ဟာ……
By: NC at Dec 30, 2011
Comment #8
သံယောဇဉ် ဟုတ်လား
သွားစမ်းပါ
တစိမ်းနှစ်ယောက်ရဲ့ မေတ္တာဇာတ်လမ်းမှာ
နင်ကြင်မှ ငါကြင်မှာပေါ့…..
ငါအမှားမရှိလို့ နင်ထားရစ်လည်း
ပြန်လာဖို့တော့ ၀ပ်တွားမခယနေဘူး
“တန်ရာ တန်ရာ” ဆိုတဲ့ စကားလည်း ငါကြားဖူးထားတယ်လေ…..။
အစွမ်းကုန်ချစ်တာပေါ့
ရူးလောက်အောင်လည်းလွမ်းရတာပေါ့
ဒါပေမယ့် ထပ်တူမကျခဲ့ရင်
တစ်ယောက်တည်းခံစားရခြင်းက
အနာဂတ်အတွက် ဘယ်လို အထောက်အကူပြုလို့လဲ…..။
By: NC at Jan 25, 2012
Comment #9
har,,,,
har kwar,,,
kwat ti be..
lone wa kwat ti be,,
yae yae le le de de g ko hman dar,,
thz u so much
By: ei lay at Mar 3, 2012
Comment #11
ဂွတ်ရှယ်
By: အသဲကွဲ မိုး at Apr 20, 2012
Comment #13
hote de,,a yan yet sat de yout kyar tway pe,
lan kwe pay me loh tar pyaw like ,,,hta taung khone me htin de,, 😛
By: ei lay at May 31, 2012
Comment #14
အစွမ်းကုန်ချစ်တာပေါ့
ရူးလောက်အောင်လည်းလွမ်းရတာပေါ့
ဒါပေမယ့် ထပ်တူမကျခဲ့ရင်
တစ်ယောက်တည်းခံစားရခြင်းက
အနာဂတ်အတွက် ဘယ်လို အထောက်အကူပြုလို့လဲ…..။
By: kyalsinlaye at Jun 21, 2012
Comment #15
A swan kone chit pay me le tont pyan hmu ka a yen yet set lun de.
phyit chin tar phyit A ywe tike pyit chin de.
🙁
By: ei lay at Jun 21, 2012
Comment #16
ထက်ရေးပါအုံး
အရမ်းမိုက်တယ်စာသားတွေကပြစ်စရာမရှိလောက်အောင်အကုန်မိတယ်
By: eiphyosan at Jun 21, 2012
Comment #17
နင် နောင်ခါကျတဲ့မျက်ရည်
နောင်တနဲ့တော့ ရောမနေစေနဲ့ပေါ့ဟာ လန်းလေစွ လန်းလေစွ အကြီးကြီးလန်းလေစွ ~~
With respect,
RAY
By: X - ray at Dec 25, 2012




Comment #1
ဟာ…..
ဗဲရီး….ဂွတ်စ် ကြီးပဲဗျာ . . . ။