Professional Authors

သင်္ကြန်ပုံရိပ်

ခန္ဓာကိုယ်ကို ရေတွေလောင်း
ကလီစာကို အရက်လောင်းတဲ့ပွဲ..
တစ်နှစ်မှာ တစ်ခါ ကဲ တာတဲ့

နှစ်ဟောင်း အညစ်အကြေးပြစ်
နှစ်သစ်အတွက် အကြွေးတွေယူ
နောက်နှစ် နေပူပူမှာ
ရင်တွေ ဗလောင်ဆူအောင် ကဲ ဖို့..

ပုံစံ စုံတဲ့ သရုပ်တွေနဲ့ ဘယ်လိုပဲ လုပ်ပြ လုပ်ပြပါ
့မြနန္ဒာနဲ့စ မြနန္ဒာနဲ့ဆုံးတော့လည်း
ကွေးနေအောင် ထထ က ကြလို့
ပိတောက်တွေက တီးတိုး ရယ်ကြ
သိကြားမင်းက မျက်လွှာချလို့…..

In: ကဗျာ Posted By: Date: Apr 14, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment