Professional Authors

လှိုင်း . . .

» တစ်ယောက်က
တစ်ယောက် အပေါ်တက်ရင်း
တစ်ယောက်က
တစ်ယောက်အောက်ကို ရောက်ကြရတယ်။

» ငါတက်မယ်ကွာ
ငါတက်မယ်
မရဘူးကွာ
ငါလည်းတက်မယ်။

» ဘာပဲ ပြောပြော
ဘယ်လိုပဲ ပြေးလာပြေးလာ
ဘယ်လိုပဲ လာလာ
ကမ်းခြေကို ရောက်ရင်
ဘယ်လှိုင်း မဆို
လှိုင်းပြေ ဖြစ်သွားကြတယ်
မဟုတ်လား။

» တစ်ဦးရဲ့ အပေါ်မှာ
တစ်ဦးက အတ္တနဲ့
တစ်ဦးပေါ် တစ်ဦး
စာနာမှုတွေမရှိပဲ
သူတို့ တစ်ဦးပေါ် တစ်ဦး
တိုက်ခိုက်ကာ လာခဲ့ကြတယ်။

» နာကျင်မှု ထိခိုက်မှုတွေနဲ့
ဖြတ်သန်းစဉ်တွေမှာ
ရရှိ ခံစား ခဲ့ကြရတယ်
သူတို့ ဘာကြောင့် အဲ့ဒီလို
လုပ်ကြရတာလည်း
အဖြေရှိသလား။

» သာတူညီမျှ လှပစွာ
ပြေးလာကြလို့ မရဘူးလား
အဲ့ဒီအကျိုးကို မသိလို့ပဲလား
သူတို့ မညှာမတာ မသိစိတ်တွေနဲ့
ပြေးလားလိုက်ကြတာ
လမ်းဆုံးလည်းရောက်ရော
ဘယ်လိုလည်း
နောက်ဆုံး . . .
(ရွက်စိမ်း)

In: ကဗျာ,Others Posted By: Date: Oct 28, 2011
Comment #1

လုလင် အားပေးသွားပါသည်

Comment #2

အရမ်းကြိုက်ပါတယ်..

commentinfo By: yaewintaung at Oct 29, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment