Professional Authors

Aries

ပုံမှန်အတိုင်းပါပဲ….
ပြက္ခဒိန်တွေကို…ရိုးရှင်းစွာ ကျော်ဖြတ်…
အသက်မှာ…
ဂဏန်းတစ်လုံး အသစ်တပ်ဖို့ နီးကပ်လာပြီလေ…..

မွေးလာကတည်းက…
နွေ..အရောင်ဟပ်…
နေရောင်ခြည်နဲ့ လမိုင်းကပ်လားမသိ…

ပူလောင်ခြင်းတွေကို
အပြုံးမပျက်ရင်ဆိုင်….
ဒါက…
Aries ရဲ့ စတိုင်ပေါ့….

စရိုက်သဘာဝကိုက…
အနိုင်လိုချင်စိတ်ကြီးမား…
ယှဉ်ပြိုင်မှုတွေကို တန်ဖိုးထားတတ်သူပါ….

ဘယ်လိုပြိုင်ပွဲမဆို…
အားအကုန်..သုံး…
ဗီဇစရိုက်ကိုက….
အနိုင်ရမှ..ပြုံးတတ်သူပေါ့…..

အားကြီးသူ .. သာစတမ်းဆိုပေမယ့်….
ဘယ်လိုပဲ ပြိုင်ပြိုင်…
လုပ်နိုင်သမျှ ..
ဥာဏ်ပညာ အစွမ်းနဲ့….
အကောင်းဆုံးကို..လုပ်ကိုင်တတ်တယ်….

အများတကာက..
ဘယ်လို ကျုံးသွင်းသွင်း…
ဘယ်လိုပဲ ဖယ်ကျဉ်ကျဉ်…
ငါ့ဘ၀အတွက်….
ငါသာ..အရှင်သခင်လေ…..

ဗလာနတ္တိ…
ဘေးမှာ ဘယ်သူမှမရှိလည်း….
ကိုယ့်ကိုကိုယ် တည့်မတ်လို့…
မမှားအောင် ထိန်းကျောင်း…
ငါ့စိတ်ကို…
ငါ့ဘာသာ မောင်းနိုင်ပါတယ်…….

စိတ်ဓါတ်ဆိုတာ…
ကိုယ်ကိုတိုင် သတ်မှသေမှာမို့
ဘယ်တော့မှ အလံမလှဲ…
အခက်အခဲတိုင်းကို ရင်ဆိုင်…

တစ်နေ့နေ့တော့…..
ကြီးကျယ်ခန်းနားတဲ့….အောင်မြင်ခြင်း
ငါ့ခြေရင်းမှာ….
မလွဲမသွေ….
လာရောက်ဝပ်ဆင်းစေရမယ်……

လေးညှို့ရှင်
(၅.၄.၂၀၁၄)
11:14 PM

In: ကဗျာ Posted By: Date: Apr 7, 2014
Comment #1

ပုံမှန်အတိုင်းပါပဲ….
ပြက္ခဒိန်တွေကို…ရိုးရှင်းစွာ ကျော်ဖြတ်…
အသက်မှာ…
ဂဏန်းတစ်လုံး အသစ်တပ်ဖို့ နီးကပ်လာပြီလေ…..

မွေးလာကတည်းက…
နွေ..အရောင်ဟပ်…
နေရောင်ခြည်နဲ့ လမိုင်းကပ်လားမသိ…

ပူလောင်ခြင်းတွေကို
အပြုံးမပျက်ရင်ဆိုင်….
ဒါက…
Aries ရဲ့ စတိုင်ပေါ့….

စရိုက်သဘာဝကိုက…
အနိုင်လိုချင်စိတ်ကြီးမား…
ယှဉ်ပြိုင်မှုတွေကို တန်ဖိုးထားတတ်သူပါ….

ဘယ်လိုပြိုင်ပွဲမဆို…
အားအကုန်..သုံး…
ဗီဇစရိုက်ကိုက….
အနိုင်ရမှ..ပြုံးတတ်သူပေါ့…..

အားကြီးသူ .. သာစတမ်းဆိုပေမယ့်….
ဘယ်လိုပဲ ပြိုင်ပြိုင်…
လုပ်နိုင်သမျှ ..
ဥာဏ်ပညာ အစွမ်းနဲ့….
အကောင်းဆုံးကို..လုပ်ကိုင်တတ်တယ်….

အများတကာက..
ဘယ်လို ကျုံးသွင်းသွင်း…
ဘယ်လိုပဲ ဖယ်ကျဉ်ကျဉ်…
ငါ့ဘ၀အတွက်….
ငါသာ..အရှင်သခင်လေ…..

ဗလာနတ္တိ…
ဘေးမှာ ဘယ်သူမှမရှိလည်း….
ကိုယ့်ကိုကိုယ် တည့်မတ်လို့…
မမှားအောင် ထိန်းကျောင်း…
ငါ့စိတ်ကို…
ငါ့ဘာသာ မောင်းနိုင်ပါတယ်…….

စိတ်ဓါတ်ဆိုတာ…
ကိုယ်ကိုတိုင် သတ်မှသေမှာမို့
ဘယ်တော့မှ အလံမလှဲ…
အခက်အခဲတိုင်းကို ရင်ဆိုင်…

တစ်နေ့နေ့တော့…..
ကြီးကျယ်ခန်းနားတဲ့….အောင်မြင်ခြင်း
ငါ့ခြေရင်းမှာ….
မလွဲမသွေ….
လာရောက်ဝပ်ဆင်းစေရမယ်……

commentinfo By: nate thit at Apr 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment