Professional Authors

ဖြစ်ရပ်မှန်

အကုန်မြန်လာတဲ့ နေ့တွေထဲ
အစုန်အဆန်သာ ခတ်ရင်း
ဖန်တရာတေလည်း ထပ်ခဲ့ပြီ …
ဒဏ်ရာတွေလည်း နက်ခဲ့ပြီ …
“အသစ်အဆန်းကိုမှ
အချစ်စမ်းချင်တာ” တဲ့
အဲဒီကောင်ပြော ပြောနေကျစကား
ခုတော့များ (ဒင်း)
ခေါက်ရိုးကျိုး အနွမ်းတွေကြား
လူမွေးလူရောင်တောင် မပြောင်ဘူး။
ဘ၀အဓိပ္ပါယ်ကို
(အပြောနဲ့မဟုတ်)
အလုပ်နဲ့ရှာမယ် လို့ဆိုတဲ့တစ်ယောက်
အရှုပ်တွေကြားထဲ လမ်းပျောက်နေပုံရယ်
ယုံရဲစရာမရှိ …
ယုံရက်စရာမရှိ … ။

LTN 

In: ကဗျာ Posted By: Date: Dec 24, 2012
Comment #1

မိုက်တယ် ကဗျာက
တစ်ချို့လူတွေက အပြောအရမ်းကြီးတယ်ဗျ ဒါပေမယ့် ဘယ်သူတွေဘယ်လောက်ပဲ အပြောကြီးပါစေဗျာ ကိုယ်အပြောမကြီးရင်ပြီးတာပဲ ~~

With respect,
RAY

commentinfo By: X - ray at Dec 24, 2012
Comment #2

ကောင်းတယ် ကဗျာလေးက တကယ်ပြောတာပါ

commentinfo By: မေပျို at Dec 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment