Professional Authors

မုဆိုးဒူးထောက် (သက်ထွေး)

ခပ်လှမ်းလှမ်းမှာ
အ၀ါရောင်နွေဥတုဟာ
မျိုချထားတဲ့ ပင်လယ်တုနဲ့ ..
လွမ်းမောစရာကောင်းလွန်းလှပါတယ်ဆိုတဲ့
ဥသြသံတွေ ပြန်ပြန်ရစ်ပြီး
နားထောင်ဖြစ်နေပေမယ့် …
အဆုံးသတ်ညက်တဲ့
ပြိုလဲမှုမရှိ …
ရယ်စရာမောစရာ
တိုက်ဆိုင်မှုမရှိ …
တစ်ခုခု သတိရမိတယ်ဆိုတာနဲ့
ကိုယ်ရေးပြီး ကိုယ်နဲ့မဆိုင်တဲ့
ကဗျာတွေထဲ ပြန်ထိုင်ဖြစ်ခဲ့တယ် ..
စွန့်စားပစ်လိုက်ဖို့
ဝေါခနဲချိုးချလိုက်တိုင်း
ခေတ်ပျက်ပလက်ဖေါင်းပေါ်
ဘီးချော်နင်းမိလျက်သား …
ကိုယ့်ပုခုံးကိုယ်ထမ်းထားရတဲ့
အိမ်ပြေးတစ်ယောက်လို …
ကိုယ့်ကိုယ်ကို မျက်နှာချင်းမဆိုင်မိအောင်
မှောင်တဲ့အထိ စောင့်ခဲ့တယ် …
မတွေ့ပါရစေနဲ့ …
မတွေ့ပါရစေနဲ့ …
ကျောသပ်တဲ့လက်တွေနဲ့
တစ်ခါပြန်လည် မဆုံတွေ့ရပါစေနဲ့ …
ဘယ်သူမှမသိတဲ့ ကမ္ဘာမှာ
တိတ်တိတ်ဆိတ်ဆိတ် ထိတ်လန့်ခဲ့ဖူးတယ် …
ကျကျနန နာဖျားခဲ့ဖူးတယ် …
ရုတ်ရုတ်သဲသဲ အထီးကျန်ဆန်ဖူးတယ် …
အဆုံးသတ်ဆိုတာ
ကိုယ်ခဏခဏတိုက်ခဲ့ဖူးတဲ့ ထီလက်မှတ်ပဲ …
သေချာအောင် လက်ကလေးကွေးလိုက်ချင်ပေမယ့်
တစ်ခါတစ်ခါပစ်မှတ်ဟာ ကိုယ်ကိုယ်တိုင်ဖြစ်နေတယ်။ ။

သက်ထွေး
၁၁ ဧပြီ ၂၀၁၁ နေ့လည် ၂း၃၄

In: ကဗျာ Posted By: Date: Apr 12, 2011
Comment #1

((((((((((((((:
^^
တစ်ခုခု သတိရမိတယ်ဆိုတာနဲ့
ကိုယ်ရေးပြီး ကိုယ်နဲ့မဆိုင်တဲ့
ကဗျာတွေထဲ ပြန်ထိုင်ဖြစ်ခဲ့တယ် ..

ဘယ်သူမှမသိတဲ့ ကမ္ဘာမှာ
တိတ်တိတ်ဆိတ်ဆိတ် ထိတ်လန့်ခဲ့ဖူးတယ် …
ကျကျနန နာဖျားခဲ့ဖူးတယ် …
ရုတ်ရုတ်သဲသဲ အထီးကျန်ဆန်ဖူးတယ် …
အဆုံးသတ်ဆိုတာ
ကိုယ်ခဏခဏတိုက်ခဲ့ဖူးတဲ့ ထီလက်မှတ်ပဲ …
သေချာအောင် လက်ကလေးကွေးလိုက်ချင်ပေမယ့်
တစ်ခါတစ်ခါပစ်မှတ်ဟာ ကိုယ်ကိုယ်တိုင်ဖြစ်နေတယ်။ ။

စကားလုံးတွေက ever ကို excellent *********7777777777777

ခေါင်းစဉ်မှစ၍ ကဗျာကို ဟိုးးးးး အစမှသည် အဆုံးထိကြိုက်ပါသည်..

နောက်တစ်နှစ် ရောက်တော့မယ် bro..(mm lo pyaw dar)
^^ နှစ်သစ်မှစ၍ အတည်ကို စိတ်ချမ်းသာပြီး အများကြီးကောင်းတဲ့ စာတွေကို စိတ်ရှိသလောက် စိတ်ရှိသလိုရေးနိုင်ပါစေ..
clappingggggg

commentinfo By: ဖြိုးဖြိုး at Apr 12, 2011
Comment #2

အဆုံးသတ်ဆိုတာ
ကိုယ်ခဏခဏတိုက်ခဲ့ဖူးတဲ့ ထီလက်မှတ်ပဲ …

ရှယ်ပဲဗျာ…

commentinfo By: ကိုဇင် at Apr 13, 2011
Comment #3

တိုက်ဆိုင်မှုမရှိ …
တစ်ခုခု သတိရမိတယ်ဆိုတာနဲ့
ကိုယ်ရေးပြီး ကိုယ်နဲ့မဆိုင်တဲ့
ကဗျာတွေထဲ ပြန်ထိုင်ဖြစ်ခဲ့တယ် ..
စွန့်စားပစ်လိုက်ဖို့
ဝေါခနဲချိုးချလိုက်တိုင်း
ခေတ်ပျက်ပလက်ဖေါင်းပေါ်
ဘီးချော်နင်းမိလျက်သား …
ကိုယ့်ပုခုံးကိုယ်ထမ်းထားရတဲ့
အိမ်ပြေးတစ်ယောက်လို …
ကိုယ့်ကိုယ်ကို မျက်နှာချင်းမဆိုင်မိအောင်
မှောင်တဲ့အထိ စောင့်ခဲ့တယ် …

commentinfo By: Shwe Ngar at Apr 18, 2011
Comment #4

ခပ်လှမ်းလှမ်းမှာ
အ၀ါရောင်နွေဥတုဟာ
မျိုချထားတဲ့ ပင်လယ်တုနဲ့ ..
လွမ်းမောစရာကောင်းလွန်းလှပါတယ်ဆိုတဲ့
ဥသြသံတွေ ပြန်ပြန်ရစ်ပြီး
နားထောင်ဖြစ်နေပေမယ့် …
အဆုံးသတ်ညက်တဲ့
ပြိုလဲမှုမရှိ …
ရယ်စရာမောစရာ
တိုက်ဆိုင်မှုမရှိ …
တစ်ခုခု သတိရမိတယ်ဆိုတာနဲ့
ကိုယ်ရေးပြီး ကိုယ်နဲ့မဆိုင်တဲ့
ကဗျာတွေထဲ ပြန်ထိုင်ဖြစ်ခဲ့တယ် ..

လွမ်းစရာကောင်းတဲ့တစ်စုံတစ်ရာကိုပြန်သတိရလာတယ်…အရမ်းမိုက်တယ်ဗျာ….

commentinfo By: terry at Apr 18, 2011
Comment #5

“စွန့်စားပစ်လိုက်ဖို့
ဝေါခနဲချိုးချလိုက်တိုင်း
ခေတ်ပျက်ပလက်ဖေါင်းပေါ်
ဘီးချော်နင်းမိလျက်သား …”

>>ကျောသပ်တဲ့လက်တွေနဲ့
တစ်ခါပြန်လည် မဆုံတွေ့ရပါစေနဲ့ …
ဘယ်သူမှမသိတဲ့ ကမ္ဘာမှာ
တိတ်တိတ်ဆိတ်ဆိတ် ထိတ်လန့်ခဲ့ဖူးတယ် …
ကျကျနန နာဖျားခဲ့ဖူးတယ် …
ရုတ်ရုတ်သဲသဲ အထီးကျန်ဆန်ဖူးတယ် …<<

လုံးဝ မိုက်ပါဗျာ…အားပေးလျှက်ပါကိုသက်ထွေး

commentinfo By: finalmutation at Apr 21, 2011
Comment #6

“စွန့်စားပစ်လိုက်ဖို့
ဝေါခနဲချိုးချလိုက်တိုင်း
ခေတ်ပျက်ပလက်ဖေါင်းပေါ်
ဘီးချော်နင်းမိလျက်သား …”

>>ကျောသပ်တဲ့လက်တွေနဲ့
တစ်ခါပြန်လည် မဆုံတွေ့ရပါစေနဲ့ …
ဘယ်သူမှမသိတဲ့ ကမ္ဘာမှာ
တိတ်တိတ်ဆိတ်ဆိတ် ထိတ်လန့်ခဲ့ဖူးတယ် …
ကျကျနန နာဖျားခဲ့ဖူးတယ် …
ရုတ်ရုတ်သဲသဲ အထီးကျန်ဆန်ဖူးတယ် …<<

လုံးဝ မိုက်တယ်ဗျာ…အားပေးလျှက်ပါကိုသက်ထွေး

commentinfo By: finalmutation at Apr 21, 2011
Comment #7

သေချာအောင် လက်ကလေးကွေးလိုက်ချင်ပေမယ့်
တစ်ခါတစ်ခါပစ်မှတ်ဟာ ကိုယ်ကိုယ်တိုင်ဖြစ်နေတယ်။ ။

မှန်တယ် ကိုသက်ထွေး…

commentinfo By: snowy at May 6, 2011
Comment #8

သေချာအောင် လက်ကလေးကွေးလိုက်ချင်ပေမယ့်
တစ်ခါတစ်ခါပစ်မှတ်ဟာ ကိုယ်ကိုယ်တိုင်ဖြစ်နေတယ်။ ။ သေချာပေါက်ထိမှန် သေစေသော (ကျနော့် ကို)

commentinfo By: sharon myorr myor at Apr 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment