Professional Authors

ဆုတောင်း

နေခြည်အလာမှာ

ပျောက်ကွယ်ရမယ်ဆို

နံနက်ခင်းမှာ

နှင်းတွေ မဝေစေပါနဲ့

လေအဝှေ့မှာ

ပျောက်ကွယ်ရမယ်ဆို

ပန်းရနံ့တွေ

မသင်းပျံ့ပါစေနဲ့…………….

 

နွမ်းခြောက်ကြွေလွင့်

ရမယ်ဆိုရင်

အစကတည်းက

မပွင့်လန်းပါရစေနဲ့……………..

 

လန့်နိုးရမယ်ဆို

အိပ်မက်လှလှ

မမက်ပါစေနဲ့………………..

 

တနေ့ ခွဲခွာရစတမ်းဆို

အပြစ်ကင်းတဲ့

ချစ်ခြင်းနဲ့

မတွေ့ပါရစေနဲ့………………

 

သူ့သဘောသူဆောင်တဲ့

အနတ္တလောက ဆို

မပြည့်နိုင်မဲ့အတူတူ

ဆုမတောင်းပါရစေနဲ့

 

ခင်မင်လေးစားလျက်

လေပြေ

In: ကဗျာ Posted By: Date: Jun 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment