Professional Authors

အချစ်နဲ့စစ် (သက်ထွေး)

ဒီမှာ ..
ဒီမှာ ..
အဲဒီ့ ..မျက်စောင်းတွေ ..
ချထားပေးပါလား
ဒါစစ်မြေပြင်မှ ..မဟုတ်တာ။

တိုင်းဗုံးတစ်လုံးကို
နှုတ်ခမ်း ..တစ်ချက်ကိုက်ပြီးတော့
မခွဲချပစ်လိုက်ပါနဲ့ဗျာ
ဒီဘက်မှာက
အချစ်ငတ်နေတဲ့
ပြည်သူလူထုရယ်ပါ။

ကျုပ်ရဲ့အာဏာရှင်မလေးရယ်
မင်းလို
နှင်းဆီတစ်ခက်က
ဘယ်လိုသေနတ်မျိုးနဲ့မှ
မလိုက်ဖက်ပါဘူး … ။

မင်းနယူးကလီးယားတွေ
သင့်ခဲ့တဲ့ငါလေ ..
မစားကောင်းတဲ့အသီးကို ဖြစ်လို့
ဒါတောင်မှ
ငါ့ရဲ့အဆိပ်သင့်ရင်ခွင်ပေါ်
မင်းရဲ့အောင်နိုင်သူ
အလံစိုက်ထူပွဲကို
နားစွင့်နေခဲ့မိသေးတာ။

အသည်းကိုမြိုင်မြိုင်ခွဲမဲ့သူတဲ့
ညာသံပေးပြီး
ချီတက်လာလေရဲ့
ဒါကိုတော့
ပန်းကုံးစွပ်ပြီး
မကြိုဆိုပါရစေနဲ့ ကောင်မလေးရယ် ..။

အချစ်နဲ့စစ်မှာ
မတရားတာမရှိဘူးတဲ့
ဒါပေမဲ့
အချစ်အတွက်တော့
ငါစစ် မဖြစ်ချင်ဘူး
စစ်မရောက်ခင်
မြားကုန်ပါရစေ ..ချစ်သူ ။

သက်ထွေး
ဇွန် ၁၈ ၂ဝဝ၇

In: ကဗျာ Posted By: Date: Apr 19, 2010
Comment #1

ကဗျာလေးကချစ်စရာလေး.. (:
good,bro.. (:

commentinfo By: melodyphyO at Apr 19, 2010
Comment #2

အရမ်းကျရှုံးမနေဘူးလား
🙁

commentinfo By: chocolate at Jun 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment