Professional Authors

အတာရေ (မင်းသုဝဏ်)

အခုလို နှစ်အကူး သင်္ကြန်အခါမှာ ဆရာမင်းသုဝဏ်ရဲ့ ကဗျာလေးတွေနဲ့ပဲ စာပါသတ်ပုံအတိုင်း ကူးရေးပြီး မေတ္တာ ပို့သလိုက်ပါတယ်။

အတာ အတာ၊ ရေသီဒါ ကို
သဟာ အပေါင်း၊ သွန်ကာ လောင်းအံ့
အကြောင်းသို့ ညွှန်၊ ကျွန်ုပ် ကျွန်ကို
လိုက်ရန် သူတို့ ခေါ်ဘိ၏။ ။

သဟာ သဟာ၊ မခေါ်လှာနှင့်
သံသာ လောက၊ ကျွန့် ဘဝ ၌
ချမ်းမြ ကြည်လင်၊ ကျွန့် ရေစင် ကို
သွန်းချင် တယောက်တည်း ရှိ၏။ ။

ဘဇာ ဘဇာ၊ မေး သောခါဝယ်
ဝေးမှာ စံနေ၊ ကျွန့် သက်ဝေ ဟု
အဖြေ ပေးမည်၊ တွေးကြံစည် စဉ်
မတည် နှစ်ခွ၊ ကျွန့် ကြမ္မကြောင့်
နှုတ် အ ၍သာ နေမိ၏။ ။
(၂၂၊ ၄၊ ၁၉၃၃)

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Apr 11, 2011
Comment #1

အတာ အတာ၊ ရေသီဒါ ကို
သဟာ အပေါင်း၊ သွန်ကာ လောင်းအံ့
အကြောင်းသို့ ညွှန်၊ ကျွန်ုပ် ကျွန်ကို
လိုက်ရန် သူတို့ ခေါ်ဘိ၏။ ။

သဟာ သဟာ၊ မခေါ်လှာနှင့်
သံသာ လောက၊ ကျွန့် ဘဝ ၌
ချမ်းမြ ကြည်လင်၊ ကျွန့် ရေစင် ကို
သွန်းချင် တယောက်တည်း ရှိ၏။ ။
ဒီလိုကဗျာလေဒတွေ များများ ဖတ်ချင်တယ် ဗျာ….။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment