Professional Authors

မတော်တဆ

နိုင်လွန်ကြိုးရယ်
ထုတ်တန်းရယ်
တံခါးကိုဖွင့်ထွက်သွားဖို.ကလွယ်တယ်။

အင်္ကျီလက်တိုရယ်
ဘလိတ်ဓားရယ်
ပြီးပြည့်စုံခြင်းအတွက် မလွယ်ဘူးလား။

ယောကျားလေးတွေက ချစ်မိသူကို ကောင်းကောင်းသိတယ်
မိန်းကလေးတွေက ချစ်သင့်သူကို ကောင်းကောင်းသိတယ်
အဲဒီမှာပဲ အနိုင်အရှုံးကဖြစ်လာတော့တယ်။

အရှုံးအနိုင်က ပြဿနာမရှိဘူး
အနိုင်လိုစိတ်က ပြဿနာရှိတယ်။

အရှုံးပေးလိုက်ရတာ ချစ်မိသူတွေဖြစ်ပြီး
အနိုင်ယူသွားတာ ရွေးချယ်သူတွေ ဖြစ်တဲ့အခါ
ဝါယာကြိုးရယ် ၊ မီးပလပ်ခေါင်းရယ်က
အသုံးဝင်လာတယ်။

ရွေးချယ်သူကြီးကို သေသေချာချာမှာခဲ့တယ်
နောင်တမရနဲ.
ရွေးချယ်မှုဆိုတာ မတော်တဆ ကိစ္စတစ်ခုပါ။      ။

In: ကဗျာ Posted By: Date: Apr 11, 2011
Comment #1

ကိုမော်နီ
ဘာတွေမှန်းမသိပေမဲ့…(၂)ခေါက်လောက် ဖတ်သွားတယ်….။
ကိုမောန်ီပျော်ရွှင်ပါစေ……….။

commentinfo By: ♥ ကဗျာချစ်သူ ♥ at Apr 12, 2011
Comment #2

ဒီထက်လွယ်တာ ရှိဦးမှာပါ…ရှာပေးပါဦး

commentinfo By: မိုးငယ် at Apr 21, 2011
Comment #3

အရမ်းကြိုက်လို့ fb မှာတင်ခွင့်ပြုပါအကို အရေးအသားတွေအရမ်းကိုကောင်းပါတယ်

commentinfo By: ap at Apr 1, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment