မပြတ်နိုင်သော “ ကြိုး”
အချစ်ကြီးချစ်တဲ့ ချစ်သူတွေပါ
မုန်းလို့မရ မေ့လဲမရပါ..။
ငါ့ရဲ့ဘဝထဲကို ခဏပဲအလည်လာပြီး
အပြီးထွက်သွားတော့မှာလား
ခရီးဆက်များတဲ့သူရယ်…..။ ။
အခုအခါကျမှ
သိပ်ချစ်ရသူမင်းက
ငါ့ရင်ကိုပူအောင်လောင်မြိုက်
စကားလုံးတွေနဲ့တိုက်ခိုက်
ချစ်ကြိုက်နေတုန်းအချိန်ခိုက်
ပန်းတစ်ပွင့်လိုနမ်းရှိုက်
ငါ့အကြိုက်ကို မင်းလိုက်လို့
ငါ့နှလုံးသားကိုသိမ်းပိုက်
မလိုတဲ့အခါ လွှင့်ပစ်လိုက်
မင်းအတွက် ငါက အမှိုက်သရိုက်။
ငါ့ကိုလိုရာသုံး
မင်းမုန်းတော့မှမေ့လိုက်
အမျိုးမျိုးပြောင်းတဲ့ မင်းစရိုက်
ဒီလို အလိုက်အထိုက်နဲ့ကို
မင်းရဲ့နှုတ်က တိုက်ရိုက်ဆို
မချစ်ကြိုက်တော့ လမ်းခွဲလို။
မင်းလိုအချစ်မျိုးကို
ထပ်တိုးမိမှာဆိုးတယ်
မင်းလိုချစ်သူမျိုးရယ်
ရက်စက်လွန်းတယ် အမျိုးမျိုးကွယ်
ငါ့မေတ္တာတွေကိုလည်း ချိုးတယ်
ဒါပေမယ့်လည်း တိုးတယ်
အချစ်တွေသာတိုးတယ်
ဂန္တဝင်တွင်မည့် အချစ်မျိုးကွယ်
ချစ်သူပစ်လို့ စိတ်ညှိုးငယ်
အသည်းမှာလည်း အမြဲပဲ
မင်းပုံရိပ်ပဲ စိုးမိုးတယ်
မပြတ်နိင်တဲ ကြိုးရယ်
သံယောဇဉ် ကြိုးရယ်…..။ ။
ဇော်သက်ဦး
Comment #4
အားပေးသွားတယ်
By: မိုးဆွေ at Jun 17, 2011
Comment #5
အားပေးသွားတယ် ကိုဇော်သက်
By: နတ်ဆိုးလေး at Jun 17, 2011
Comment #6
အားပေးသွားတယ် အစ်ကို
By: နေဝင်တောက်တဲ့ at Jun 17, 2011
Comment #10
မမအတွက် မောင်လေးစပ်ပေးခဲ့တဲ့ကဗျာလေးဘဲ…..
အရမ်းကျေးဇူးတင်တရ်နော့…မောင်လေးကို…
By: sandi at Jun 27, 2011
Comment #13
he,,he,,,
de de g ko hti twar par p.
really nice.
By: ei lay at Aug 16, 2011




Comment #1
ငါ့ကိုလိုရာသုံး
မင်းမုန်းတော့မှမေ့လိုက်
အမျိုးမျိုးပြောင်းတဲ့ မင်းစရိုက်
ဒီလို အလိုက်အထိုက်နဲ့ကို
မင်းရဲ့နှုတ်က တိုက်ရိုက်ဆို
မချစ်ကြိုက်တော့ လမ်းခွဲလို။
မင်းလိုအချစ်မျိုးကို
ထပ်တိုးမိမှာဆိုးတယ်
မင်းလိုချစ်သူမျိုးရယ်
ရက်စက်လွန်းတယ် အမျိုးမျိုးကွယ်
ငါ့မေတ္တာတွေကိုလည်း ချိုးတယ်
ဒါပေမယ့်လည်း တိုးတယ်
အချစ်တွေသာတိုးတယ်
ဂန္တဝင်တွင်မည့် အချစ်မျိုးကွယ်
ချစ်သူပစ်လို့ စိတ်ညှိုးငယ်
အသည်းမှာလည်း အမြဲပဲ
မင်းပုံရိပ်ပဲ စိုးမိုးတယ်
မပြတ်နိင်တဲ ကြိုးရယ်
သံယောဇဉ် ကြိုးရယ်…..။ ။
…အရမ်းကြိုက်သွားပါတယ်