Professional Authors

လူတွေကို ရွံ့နေတဲ့ သစ်ပင် ( လူမော်ငြိမ်း )

မိုးမလင်းခင် နေထွက်လို့ …
ကြည့်လိုက်တော့ တစ်လမ်းလုံး အဝါ ။

အလှကို ဖွင့်ပြတယ်ဆိုတာ
ဝေဆာလို့ အားမရခင်မှာ
အတ္တနဲ့ ခြွေတာ ခံရဖို့ မဟုတ်ပါဘူး ။

အရိပ်ကို ခို ၊ အခက်ကို ချိုး
ပန်းကို ခိုးတဲ့ အစဉ်အလာကို
ဘာ့အတွက် ပျိုးထောင် လာခဲ့ကြတာလဲ ။

ဂျမေကာ ဂီတရဲ့ အဝါ ဖွင့်ဆိုချက်က
ဘဝအတွက် ရွှေရောင်အနာဂတ် တဲ့ ။

လူမော်ငြိမ်းရဲ့ ယုံကြည်ချက်ကတော့
ပန်းဆိုတာ အပင်မှာ ရှိမှ မြတ်တယ် ။

ခင်ဗျားတို့နဲ့ ထပ်တူပြုမှာ မဟုတ်လို့
သွား … အနားတောင် လာမကပ်ပါနဲ့ ။

ပိတောက်တွေရဲ့ သစ္စာဆိုတာ …
လူတိုင်းနဲ့ မတန်တာ သေချာတယ် ။

ပြော … ချစ်ခြင်းတွေ ဘယ်မှာလဲ ။

Thursday , April 28 , 2010
လူမော်ငြိမ်း

In: ကဗျာ Posted By: Date: Apr 30, 2011
Comment #1

၂၈ ရက် မနက် ၆ နာရီလောက်မှာ
ပိတောက်တွေကို စမြင်တယ်
တွေးစ ကတော့ ဝေလို့ လှလို့ …
ရေးပြီး သွားတော့ ကြွေလို့ ကျလို့ပေါ့ ။
ကရုဏာသက်မိသမျှကို ဒေါသနဲ့ ဝေမျှလိုက်တာပါ ။

Comment #2

ပိတောက်တွေရဲ့ သစ္စာဆိုတာ …
လူတိုင်းနဲ့ မတန်တာ သေချာတယ် ။

ပြော … ချစ်ခြင်းတွေ ဘယ်မှာလဲ ။
လူမော်ငြိမ်းရဲ့ ပေါက်ကွဲသံစဉ်ပေါ့.. 🙂

commentinfo By: ရွှေငါး at Apr 30, 2011
Comment #3

ခင်ဗျားတို့နဲ့ ထပ်တူပြုမှာ မဟုတ်လို့
သွား ……………………………………………………….… အနားတောင် လာမကပ်ပါနဲ့ ။

commentinfo By: မယ်မနော at May 1, 2011
Comment #4

ရွှေငါးနဲ့ မယ်မနော ကို ကျေးဇူးပါဗျာ…

Comment #5

ခင်ဗျားတို့နဲ့ ထပ်တူပြုမှာ မဟုတ်လို့
သွား … အနားတောင် လာမကပ်ပါနဲ့ ။
ပိတောက်တွေရဲ့ သစ္စာဆိုတာ …
လူတိုင်းနဲ့ မတန်တာ သေချာတယ် ။
ပြော … ချစ်ခြင်းတွေ ဘယ်မှာလဲ ။…။

commentinfo By: မြေနံ့ at Jul 17, 2011
Comment #6

အလှကို ဖွင့်ပြတယ်ဆိုတာ
ဝေဆာလို့ အားမရခင်မှာ
အတ္တနဲ့ ခြွေတာ ခံရဖို့ မဟုတ်ပါဘူး ။

အရိပ်ကို ခို ၊ အခက်ကို ချိုး
ပန်းကို ခိုးတဲ့ အစဉ်အလာကို
ဘာ့အတွက် ပျိုးထောင် လာခဲ့ကြတာလဲ ။
ကိုလူမော်…..ဆိုတာ…ဒီလို..လူတော်လားဗျ

commentinfo By: အသဲကွဲမိုး at Jul 17, 2011
Comment #7

ပိတောက်တွေရဲ့ သစ္စာဆိုတာ …
လူတိုင်းနဲ့ မတန်တာ သေချာတယ် ။

ပြော … ချစ်ခြင်းတွေ ဘယ်မှာလဲ ။
ငါဒီစာသားအ၇မ်းကြိုက်တယ်
သေသေချာချာဖတ်သွားတယ်

commentinfo By: eros at Jul 17, 2011
Comment #8

ကောင်းလိုက်တဲ့ကဗျာလေးဗျာ…

လေးစားလျက်

commentinfo By: 13th at Dec 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment