Professional Authors

“လေလွင့်နေသော စိတ်ခံစားမှု”

အတွေးမြစ်ထဲခဏစီးဝင်သွားချိန်မှာ
ငါဘာတွေဖြစ်ခဲ့သလဲ
ငါ့ကိုယ်ငါပဲပြန်မေးကြည့်တယ်..။

ဘာမှတော့မဖြစ်ပါဘူး
ငါကောင်းပါတယ်
အတွေးတွေထဲမှာ ငါတွေ့ခဲ့တယ်
နင့်ကို…
ငါမြင်ခဲ့တယ်
လူတွေကို…
ငါပြန်တွေ့ရခဲ့တယ်
ငါ့ကိုငါ…
ငါရူးသွားတာလား…..?
ငါဘာဖြစ်နေတာလဲ…..?
အဓိပါယ်မရှိတာတွေ  တွေးနေတယ်…။
အဓိပါယ်မရှိတဲ့ကဗျာတွေ  ရေးနေတယ်…။

သေချာအောင်ပြန်မေးတယ်
သေချာပါတယ် ငါမရူးပါဘူး..။
အမှန်တော့….
ငါ့အတွေးထဲမှာအတိုင်းပဲ
ဒီကမ္ဘာကြီးထဲမှာ ရှိနေတာ
နင်ရယ်…. ငါရယ်……. သူတို့ရယ်ပါ………။   ။

 

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Jun 13, 2011
Comment #1

သေချာပါတယ် ငါမရူးပါဘူး..။
အမှန်တော့….
ငါ့အတွေးထဲမှာအတိုင်းပဲ
ဒီကမ္ဘာကြီးထဲမှာ ရှိနေတာ
နင်ရယ်…. ငါရယ်……. သူတို့ရယ်ပါ………။ ။
အားပေးနေပါတယ်။

commentinfo By: poem.poem28 at Jun 13, 2011
Comment #2

ကျေးဇူး………။

Comment #3

ငါ့ကိုငါ…
ငါရူးသွားတာလား…..?
ငါဘာဖြစ်နေတာလဲ…..?
အဓိပါယ်မရှိတာတွေ တွေးနေတယ်…။
အဓိပါယ်မရှိတဲ့ကဗျာတွေ ရေးနေတယ်…။

commentinfo By: ရေမဲ့ငါး at Jun 13, 2011
Comment #4

ကေးဇူးပါ ရေမဲ့ငါး ရေ..။
ကြိုဆိုနေပါတယ်…။

Comment #5

ကေးဇူးပါ ရေမဲ့ငါး ရေ..။

Comment #6

မမဖတ်သွားပြီနော့…ကဗျာလေး ကောင်းတရ်..အားပေးခဲ့တရ်..

commentinfo By: sandi at Jun 27, 2011
Comment #7

ကျေးဇူး…။

Comment #8

အဲဒါမင်းပြောမှာလား….။
လူတိုင်းသိတဲ့ဟာကိုကွာ……။

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment