Professional Authors

မကျေနပ်သံ(မင်းလူန)

ဝေဒနာမရှိပဲ
ကဗျာ
သူသဘောအတိုင်းမနေနိုင်ခဲ့ ပါ။
ထိုစိတ်ဖြင့် 
လူးလူးလွန့် လွန့် ရေးချသောကဗျာမှာ

ထွေရာလေးပါထက်
ဝေဒနာအတွေးများရောသွန်မောက်ချမိလေခြင်းပါ
စက္ကူချပ်တွေရဲ့ 
ကိုက်ဖြတ်စားသောက်ခြင်းဒဏ်၇ာအောက်မှာ
ကိုယ့် ဒဏ်ရာကိုယ်ပြန်ကုနေရုံနဲ့ 
လွတ်လမ်းများ
ပျော့ ပျောင်းညှင်သာသောလက်ရပ်ခေါ်ဆိုမှု့ ဖြင့် 
ဆီးကြိုမှာမှမဟုတ်တာပဲ။
စိတ်အသမာတစ်ခုခုကို
စိတ်နဲ့ ပြန်ဖြေဖို့ စိတ်ချင်းကုရိုးသားကြဦးစို့ 
ဘာလုပ်လုပ်စိတ်ကဆောင်တယ်လို့ အမေပြောတဲ့ စကားနဲ့ 
လိင်ကိစ္စ
ငွေကြေးနဲ့ ယောက္ခမတို့ အား
စိတ်အခြေခံရိုးသားခြင်းနဲ့ ဂါရ၀ပြုမိသောအခါ
စိတ်ပင်ပန်းနွမ်းမောစရာတွေ
ဖျပ်ဖျပ်လူးပွင့် လာတယ်။
တစ်ကယ်တော့ အိပ်မတ်ရှည်တစ်ခုကို
ကဗျာတိုတိုလေးနဲ့ ရုပ်လုံးဖော်ပြီး
စကားတစ်လုံး
၇င်ဘတ်ကထွက်ကျခုန်ချခွင့် ပြုလိုက်တယ်
xxxxxxxxxxxတောက်xxxxxxxxxxxxxxxxx

                                                   မင်းလူန

In: ကဗျာ Posted By: Date: May 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment