Professional Authors

ဆက်ပြီးဟန်ဆောင်ကြရအောင်….အဲ့ ဒါဘ၀ပဲလေ(မင်းလူန)

အနာအဆာမကင်းတာကိုက
ဘ၀ပဲလေ………
အဲ့ ဒါကထင်မြင်ချက်တစ်ခုသာသာပါ
တစ်ကယ်ရတဲ့ လူ့ အဖြစ်မှာ
ကိုယ့် ဒဏ်ရာကိုယ်လေးစားဖို့ 
အဲ့ ဒီအနာအဆာတွေကိုပဲ
ဖာထေးနေကြရတာမဟုတ်လား
အဆင်ပြေမယ်ဆိုရင်
တစ်ကပြန်စလို့ ရတဲ့ ပုစ္ဆာကိုပဲရွေးတွက်လိုက်ချင်တယ်…..
အမှားများနေတာကလည်း
ခေါက်ရိုးကျိုးနေတဲ့ လူ့ မျိုးရိုးဗီဇစိတ်မို့ ပါ
ကမ္ဘာကြီးကတော့ သူ့ လည်ပတ်မှု့ ထဲ
ငါတို့ ကိုသိပ်မလိုလားတော့ တဲ့ ပုံပေါက်လာတယ်
မဆုံးတဲ့ တေးသွားမှာ
ဘယ်ပညာရှင်ကစာသားကောက်ထည့် ထည့် 
လူ့ ဟောင်းလောက်ပေါက်တွေက
ဟောင်းလောက်ပေါက်အတိုင်း
လှနေတာလာအကျည်းတန်နေတာလား
တစ်ခါတစ်လေတော့ လဲ
မလှတက်တာတွေကကဗျာတစ်ပုဒ်ရဲ့ 
အတွင်းသားတစ်ခုလိုအားကောင်းလာတက်တော့ 
အနှစ်သာရဆိုတာ
စင်းလုံးချောစရာမလိုဘူးလို့ ပြောလို့ ရသလိုလိုပဲံ
လူ့ အဖြစ်တေးမှာတော့ 
ကိုယ်သံစဉ်နဲ့ ကိုယ်သီကျူး
ကိုယ့် အပူကိုကဟာမိုနီဖြစ်ဖြစ်လာတာလေ……
ဘာမှမရရင်ဘာမှမပေးဘူးဆိုမှတော့ 
ဒဏ်ရာဒဏ်ချက်တွေ
အဆီတိုးတိုးလာတာသဘာဝတ္တဆန်တယ်
အနာအဆာတွေကိုတော.ပုံစံမပျက်စေနဲ
အဲ့ ဒါဘ၀ပဲလေ………
……………………                     မင်းလူန့ 

In: ကဗျာ Posted By: Date: Mar 20, 2011
Comment #1

အနာအဆာမကင်းတာကိုက
ဘ၀ပဲလေ………
မှန်လိုက်တာအစ်ကိုမင်းလူန.. အဲနေရာလေးတော်တော်ကြိုက်တယ်.

commentinfo By: ရွှေငါး at Mar 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment