Professional Authors

ပေါ်ပင်ကဗျာ(မင်းလူန)

သီအိုရီတွေပြောမယ်
ဒိုင်ယာလော့ ခ်အကြီးကြီးတွေပါမယ်
ကဗျာကိုပုပ်သိုးမသွားအောင်
ဆေးကြောထားတဲ့ဦးနှောက်နဲ့ ရေးမယ်
ထိပ်တန်ကထိုင်နေတဲ့ ကဗျာဆရာတွေကိုကျော်ခွဖို့ 
မရိုးသားမှု့ တွေပါချင်ပါမယ်
ကဲ…စပြီးစားသုံးကြပါစို့ 
တစ်ကယ်တော့ ကဗျာတစ်ပုဒ်ရေးဖို့ 
တစ်ကမ္ဘာလောက်ကြာချင်ကြာမယ်
တစ်ထိုင်တည်းနဲ့ ပြီးချင်ပြီးမယ်
အနုပညာမှာ
စိတ်ကိုအခြေခံတဲ့ ခံစားမှု့ တော့ ပါဖို့ လိုတယ်လေ
……………………….
လိုချင်တပ်မက်မှု့ တွေကို
ရိုးသားမှု့ နဲ့ နည်းနည်းချင်းချူပြီးယူတက်တဲ့ သူဟာ
လူကြီးလူကောင်းပဲ
အတ္တနည်းတဲ့ သူကိုသာနေရာပေးကြေးဆိုရင်
ဒီကဗျာပိုင်ရှင်နဲ့ ဆက်သွယ်ပါ
ချစ်သူရယ်
ကော်ဖီရယ်
ကဗျာရေးနိုင်ခွင့် ရယ်ရရင်
ပြည့် စုံပြီ
တောင့် ဆိုမှု့ တွေသိပ်များတယ်
ချစ်တဲ့ သူရှိရင်
လူတိုင်းကပြည့် စုံခြင်းလို့ ထင်ပြီးသား
………………
လူသားချင်းစာနာထောက်ထားဖို့ 
လူ့ သမိုင်းမှာပြန်ဖတ်နေတာထက်
စာနာမှု့ (အငှားခံစားချက်များမပါ)
များများသုံးပါ
……………
နိုင်ငံရေးအကြောင်းပါမယ်
လူမှု့ ရေးတွေနဲ့ 
ဘက်စုံဂျုန်းဂျုန်းကျနေတဲ့ 
လူနေမျု့ အဆင့် အတန်းမြှင့် တင်ရေးတွေပါမယ်
အမှန်အတိုင်းရေးလို့ ရတဲ့ ခေတ်ဘက်ကိုပြောင်းသွားပြီ
စတ္တုတမဏ္ဍိုင်မှာ
တာဝန်ကျေချင်တယ်ဆိုရင်
စာသာများများဖတ်ထား
ဦးချောနွယ်အကြောင်း
ပါရဂူအကြောင်း
ဟဲမင်းဝေးအကြောင်း
အိန်ဂျလီနာဂျိုလီအကြောင်း
နီကိုလပ်ကိတ်အကြောင်း
ဟစ်တလာအကြောင်း(ဦးသန်းရွှေလို့ မထင်ပါနဲ့ )
အကြောင်းကြောင့် 
အကျိုးဖြစ်လာရတဲ့ နောက်ဆက်တွဲတွေအကြောင်း
ကဲ……….
ကဗျာရေးသူဟာဒီကဗျာရေးစဉ်နောက်ကြောင်းရှင်းရဲ့ လားလို့ 
တွေးစရာမလိုဘူး
ဖတ်ပြီးရင်
မှတ်လို့ ရတာယူသွား
ဒါရိုက်တာဝိုင်းကတော့ 
အဲ့ ဒီအခန်းဖြတ်တဲ့ 
×××××××××××××××××××
……………………………………မင်းလူန

In: ကဗျာ Posted By: Date: Jan 17, 2012
Comment #1

. ကဗျာလေးကို ဖတ်လို့ကောင်းတယ်။
လာဖတ်ရင်း အားပေးသွားပါတယ်။

commentinfo By: ကတုံးလေး at Jan 17, 2012
Comment #2

goodတယ်….ဗျာ
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jan 17, 2012
Comment #3

စတ္တုတမဏ္ဍိုင်မှာ
တာဝန်ကျေချင်တယ်ဆိုရင်
စာသာများများဖတ်ထား….

commentinfo By: NC at Jan 17, 2012
Comment #4

ကဗျာရေးသူဟာဒီကဗျာရေးစဉ်နောက်ကြောင်းရှင်းရဲ့ လားလို့ 
တွေးစရာမလိုဘူး
ဖတ်ပြီးရင်
မှတ်လို့ ရတာယူသွား
ဒါရိုက်တာဝိုင်းကတော့ 
အဲ့ ဒီအခန်းဖြတ်တဲ့ 
×××××××××××××××××××
……………………

commentinfo By: May Kha at Jan 17, 2012
Comment #5

ကဗျာရေးသူဟာဒီကဗျာရေးစဉ်နောက်ကြောင်းရှင်းရဲ့ လားလို့ 
တွေးစရာမလိုဘူး
ဖတ်ပြီးရင်
မှတ်လို့ ရတာယူသွား
ဒါရိုက်တာဝိုင်းကတော့ 
အဲ့ ဒီအခန်းဖြတ်တဲ့ 
×××××××××××××××××××
ကြိုက်တယ်ဗျိုးးးး၊
ကောင်းမှကောင်းပဲ……။

commentinfo By: ဇော်သက်ဦး(Ayatekalay) at Jan 17, 2012
Comment #6

အားပေးသွားတယ်ဗျို့

commentinfo By: အသဲကွဲမိုး at Jan 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment