အစိမ်းလိုက်သေသွားတဲ့ကဗျာ(သို့)မျှော်လင့်ခြင်းဈာပနာ(terry)
ပုစ္စာတစ်ပုဒ်ခက်မခက်
တိုက်ရိုက်ပတ်သတ်တယ်..။
မနက်ဖြန်ကို
မြူတွေနဲ့ ကာထားလေ့ရှိတယ်..။
ပြက္ခဒိန်ထဲမှာပဲရှိတဲ့
မနေ့ ကနေ့ စွဲ
ပြန်ရဖို့ မကြောက်ပေမယ့်
နေသားမကျမှု့ တွေနဲ့ 
ကောက်ဆက်ထားတဲ့ငါ့ရင်ထဲ
တစ်ကိုယ်တည်းငိုကြွေးခြင်းဝါဒီ
အလိုလိုကျင့်သားရနေပြီ…။
သံယောဇဉ်မှာအရောင်ကင်းပေမယ့်
တွယ်တာခြင်းမှာတော့
မျှော်လင့်ခြင်းတွေပဲလင်းတယ်…။
ခနော်ခနဲ့ ပဲဖြူစင်နိုင်မယ့်အတူတူ
ဆန္ဒတစ်ဖြစ်လဲ ရင်ခုန်ခြင်းတွေ..
ငါအရောင်လွင့်ပြစ်လိုက်မယ်…….။
ဒွိဟတွေကျစ်ကျစ်ပါအောင်ဆုပ်ရင်း
“ငါနင့်ကိုမချစ်တော့ဘူး”ဆိုတဲ့စကား
ခံစားချက်မရှိလို့ ပြောတယ်လို့ ပဲ 
သဘောထားပါ……။
ဒါပေမယ့်….
မော့မကြည့်လိုက်ပါနဲ့ ….မိန်းကလေးရယ်….
မျက်ဝန်းတစ်စုံရဲ့
အုံ့ ဆိုင်းခြင်းမိုးလေ၀သ
မမြင်လိုက်စေချင်လို့ ပါ..။
လုပ်ထုံးလုပ်နည်းတွေကြား
မျှော်လင့်ခြင်းများ
တစ်ရက်ခြင်းခမ်းသွားသလို…
မပြုလုပ်ချင်ပေမယ့်..ဆိုတဲ့
တိမ်ဝင်သွားတဲ့
ဥပေက္ခာတရားမှာ
မျက်ရည်စက်တွေနဲ့ ခမ်းနားလာတယ်……..။
လေ့ကျင့်မထားသော
ငါ့ချစ်ခြင်းမှာပွင့်တဲ့
ပထမဦးဆုံးအလင်းဖြစ်ပေမယ့်……
အနာဂတ်ဟာအေးစပြုလာတာနဲ့ 
မှိုတက်နေတဲ့ဝဲဘက်ရင်အုံပေါ်
မဖြစ်နိုင်ခြင်းတွေပဲကောက်ခြုံလိုက်တယ်….။
terry(25.3.2011)10;32pm…
Comment #2
ကောင်းတယ်ဗျာ…ကဗျာကို ဖတ်ပြီး
ခံစားမှုတစ်မျိုးလေး ကျန်ခဲ့တယ်
အားပေးနေပါတယ်…terry
                        By: genius.jinx28 at Mar 29, 2011
                    Comment #3
အားပေးကြတဲ့…မိုးနဲ့ geniusကိုကျေးဇူးတင်ပါတယ်….ဗျာ.။
                        By: terry at Mar 30, 2011
                    Comment #4
လေ့ကျင့်မထားသော
ငါ့ချစ်ခြင်းမှာပွင့်တဲ့
ပထမဦးဆုံးအလင်းဖြစ်ပေမယ့်……
အနာဂတ်ဟာအေးစပြုလာတာနဲ့ 
မှိုတက်နေတဲ့ဝဲဘက်ရင်အုံပေါ်
မဖြစ်နိုင်ခြင်းတွေပဲကောက်ခြုံလိုက်တယ်….။
တစုံတခုကိုခံစားရစေတယ်ဒီကဗျာက.. ကြိုက်တယ်..။
                        By: Shwe Ngar at Apr 6, 2011
                    Comment #5
သံယောဇဉ်မှာအရောင်ကင်းပေမယ့်
တွယ်တာခြင်းမှာတော့
မျှော်လင့်ခြင်းတွေပဲလင်းတယ်…။
ခနော်ခနဲ့ ပဲဖြူစင်နိုင်မယ့်အတူတူ
ဆန္ဒတစ်ဖြစ်လဲ ရင်ခုန်ခြင်းတွေ..
ငါအရောင်လွင့်ပြစ်လိုက်မယ်…….။
ဒီစာသားတွေကိုကြိုက်တယ်။ကောင်း၏။ကြိုးစားပါ။
                        By: Kyaw Tint at Apr 14, 2011
                    Comment #7
ဟူးးးးးးးးးးးးးးးးးးးးးးးးးးး :'(
                        By: sharon myorr myor at Apr 7, 2012
                    Comment #8
ပုစ္စာတစ်ပုဒ်ခက်မခက်
တိုက်ရိုက်ပတ်သတ်တယ်..။
မနက်ဖြန်ကို
မြူတွေနဲ့ ကာထားလေ့ရှိတယ်..။
ပြက္ခဒိန်ထဲမှာပဲရှိတဲ့
မနေ့ ကနေ့ စွဲ
ပြန်ရဖို့ မကြောက်ပေမယ့်
နေသားမကျမှု့ တွေနဲ့ 
ကောက်ဆက်ထားတဲ့ငါ့ရင်ထဲ
တစ်ကိုယ်တည်းငိုကြွေးခြင်းဝါဒီ
အလိုလိုကျင့်သားရနေပြီ…။
သံယောဇဉ်မှာအရောင်ကင်းပေမယ့်
တွယ်တာခြင်းမှာတော့
မျှော်လင့်ခြင်းတွေပဲလင်းတယ်…။
ခနော်ခနဲ့ ပဲဖြူစင်နိုင်မယ့်အတူတူ
ဆန္ဒတစ်ဖြစ်လဲ ရင်ခုန်ခြင်းတွေ..
ငါအရောင်လွင့်ပြစ်လိုက်မယ်…….။
ဒွိဟတွေကျစ်ကျစ်ပါအောင်ဆုပ်ရင်း
“ငါနင့်ကိုမချစ်တော့ဘူး”ဆိုတဲ့စကား
ခံစားချက်မရှိလို့ ပြောတယ်လို့ ပဲ
သဘောထားပါ……။
ဒါပေမယ့်….
မော့မကြည့်လိုက်ပါနဲ့ ….မိန်းကလေးရယ်….
မျက်ဝန်းတစ်စုံရဲ့
အုံ့ ဆိုင်းခြင်းမိုးလေ၀သ
မမြင်လိုက်စေချင်လို့ ပါ..။
လုပ်ထုံးလုပ်နည်းတွေကြား
မျှော်လင့်ခြင်းများ
တစ်ရက်ခြင်းခမ်းသွားသလို…
မပြုလုပ်ချင်ပေမယ့်..ဆိုတဲ့
တိမ်ဝင်သွားတဲ့
ဥပေက္ခာတရားမှာ
မျက်ရည်စက်တွေနဲ့ ခမ်းနားလာတယ်……..။
လေ့ကျင့်မထားသော
ငါ့ချစ်ခြင်းမှာပွင့်တဲ့
ပထမဦးဆုံးအလင်းဖြစ်ပေမယ့်……
အနာဂတ်ဟာအေးစပြုလာတာနဲ့ 
မှိုတက်နေတဲ့ဝဲဘက်ရင်အုံပေါ်
မဖြစ်နိုင်ခြင်းတွေပဲကောက်ခြုံလိုက်တယ်….။   
ကွန်မန့် ရှည်သွားရင်ခွင့်လွတ်ပေါ့
တစ်လုံးမကျန် ငြိ လို့ တယ်ရီ ရ
                        By: sharon myorr myor at Apr 7, 2012
                    Comment #9
really nice creation,,
nothing is impossible if u wish,
                        By: ei lay at Jun 7, 2012
                    Comment #10
Really nice
                        By: ei lay at Oct 28, 2012
Comment #1
ကဗျာလေး အရမ်းလှတယ်…ကြိုက်တယ်..ပြီးတော့ ခံစားရတယ်….